Part [19]🌺

8.6K 261 5
                                        

သူရိန်ထွန်းမောင်ရုံးကိုရောက်တော့ ခေါင်းကိုမော့၊ရင်ကိုကော့ပြီး ဂုဏ်ဆာတဲ့ ရုပ်နဲ့အထဲသို့ ဝင်သွားလိုက်သည်။

အထဲရောက်တော့ ဇွဲသူကို စတွေ့သည် စကားပြောမလို့ရှိသေး ဟိုကောင်ရုပ်က
လငါးမုန့်ဖမ်းတဲ့ ရုပ်နဲ့မို့ ပြောမဲ့စကားတောင် လည်ချောင်းမှာဆို့သွားတယ်။

ကိုယ့်ကိုတွေ့တော့ မျက်စောင်းကြီး ထိုးကာ အပြင်ထွက်သွား၏။

"ဘာလဲ..ဟ? ဒီကောင်"

ထိုအချိန် ဘယ်ကထွက်လာမှန်းမသိတဲ့ ဥက္ကာဦးက သူအနားသို့ရောက်လာပြီး စုန်းအသံနဲ့ပြဲနေအောင် ထရယ်သည်။

"ခွီး ဟားဟားဟား အမလေးကွာ ငါဒီမနက်လုံး ရယ်ရလို့သေတော့မယ် "

သူရိန်ထွန်းမောင်က သူဘေးနားမှာ နားကွဲအောင်ရယ်နေသော ထိုသူ့ကို မျက်မှောင်ကြုတ်ပြီးကြည့်ကာ

'သည်သူတောင်းစားကကော ဘယ်ကနေရောက်လာရတာလဲ?'

"သားကြီး ဟိုကောင်မင်းကိုဘာလို့ အဲ့လိုကြည့်သွားတာလဲ သိလား?"

ရယ်တာရပ်ပြီး သူ့ဘေးက သူရိန်ကို ဥက္ကာဦးပြောလိုက်သည်။

"ဘယ်လိုလုပ်သိမှာလဲ...ငါတောင်အခုမှရောက်တာ"

"အာ့တာကိုပြောချင်နေတာ! ဟားဟား ငါကွာ အသေရယ်ချင်နေတာပါဆို၊ မင်းတစ်ယောက်တည်းပဲ သူ့ဘာလို့အာ့လို့ ကြည့်လဲမသိတာ။ ငါတို့ဆို တစ်မနက်လုံး သူမျက်စောင်းတွေကြီးနဲ့ ညားတော့မယ်မှတ်ရတယ်"

"??"

သူ့မျက်မှောင်ကြုတ်ကာ ဒင်းကိုကြည့်လိုက်သည်။

သူကိုမကြည့်ကြည်နဲ့ ‌ကြည့်နေတာ တွေ့တော့ ဥက္ကာဦး စပ်ဖြဲဖြဲလုပ်ပြကာ

"မင်းကလည်း ပြောမှာပါ စိတ်ကြီးပဲ"

"..."

"ဒီလိုကွာ ဇွဲသူနဲ့ဖြူငြိမ်းတို့ စေ့စပ်ပွဲပြီးတော့ သူတို့နှစ်ဖက်မိဘတွေကြီးပဲ။ သီးသန့် မင်္ဂဆောင်မဲ့ရက်ရွေးကြတယ်။ ရက်ရွေးထားတာကတော့ ဒီလပိုင်းထဲမှာပဲ။ ဟိုမယားတာရူးကလည်း မိန်းမရတော့မယ်ဆိုပြီး မာန်တက်နေတာ၊ဖြူလေးမှာ အကိုရှိတာ မင်းသိတယ်မှတ်လား "

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Where stories live. Discover now