real life

7.9K 555 21
                                    

<Unicode>
တည်မြဲအာဏာ တစ်ကိုယ်လုံးရုပ်ဖျက်ကာမြို့ထဲပြန်ဝင်လာသည်။ရဲတေကတော့သူ့ကိုတကယ်သေဆုံးသွားပီထင်ပီး စခန်းမှာပဲလွမ်းသူပန်းခွေများပေးကြသည်။

သူနဲ့ရင်းနီးခဲ့ဖူးသူအပေါင်းကတော့ဝမ်းနည်းနေကြပေမယ့်သူသွားပီးနှစ်သိမ့်နိုင်မည်မဟု။သူလဲစိတ်တော့မကောင်းပေမယ့် သူရွေးချယ်ခဲ့တဲ့လမ်းကိုဘယ်တော့မှနောက်ဆုတ်မှာမဟုတ်။တည်မြဲအတန်ကြာအောင်ရပ်ကြည့်နေရင်းမှာပဲ လူအုပ်ထဲကထွက်လာတဲ့သ့ူမွေးစားအဖေလေး။

"ပါးပါး!"

လဲကျတော့မလို ယိုင်နဲ့သွားတဲ့ပါးပါးကြောင့်သူအမှတ်တမဲ့အော်လိုက်မိတော့ ပါးပါးကသူရှိရာဘက်ကိုလှည့်ကြည့်လာတာမို့အကွယ်တစ်နေရာသို့တိမ်းရှောင်လိုက်သည်။

"ချာတိတ်ရရဲ့လား ကိုယ်တို့ဆေးရုံသွားကြမယ်နော်!"

"ရပါတယ် ခဗျား~ကျနော် သားရဲ့အသံလေးကြားလိုက်သလိုပဲ"

[မှတ်မိကြရဲ့လား ကလေးနှစ်ယောက်ကို😅]

"ချာတိတ်ရယ် သားတည်မြဲကဆုံး.."

"ဟင့်အင်း!ကျနော်အခုပဲ သူပါးပါးလို့ခေါ်တဲ့အသံကြားလိုက်တယ် ခဗျားကျနော့်ကိုမယုံဘူးလား!"

"ကိုယ်ယုံပါတယ်ကွာ"

"ခဗျား မယုံဘူး ကျနော့်ကိုရူးနေတယ်ထင်တာမလား!!! အီးဟီး!!

"မဟုပါဘူးချာတိတ်ရယ် မငိုပါနဲ့တော့ကွာ ကိုယ်ရင်နာလွန်းလို့ပါ"

"ခဗျား~~~ဟင့်အီး!!"

"အကို နင်မိုးထက်ကိုအိမ်မှာပြန်နားခိုင်းလိုက်တော့ သူပင်ပန်းနေပီ"

ယုဝနကသတိပေးလိုက်တော့အာဏာလွှမ်းသူ့ချစ်ရသူလေးကိုပွေ့ချီကာထိုနေရာမှထွက်လာတော့သည်။

"ဒါလင် ကျနော်တို့လဲသူတို့နဲ့လိုက်သွားရအောင်လေ အကိုမိုးထက်အရမ်းဝမ်းနည်းနေမှာ သူ့ကိုအဖော်ပြုပေးရအောင်နော်"

ငိုထားရလွန်းလို့မျက်ရစ်လေးတေတောင်ဖောင်နေပီဖြစ်တဲ့လင်းသန့်က မိုးထက်ကိုသနားကာအဖော်ပြုပေးချင်နေတာကြောင့်...

Make A Wish(System)(Completed)Tahanan ng mga kuwento. Tumuklas ngayon