အပိုင်း(၁)

10.5K 274 1
                                    

အပိုင်း(၁)

"အူဝဲ....အူဝဲ!!!!

"ဒေါ်သောင်း ....ဒေါ်သောင်းရေ!!!

ဧကရီကလေးငိုသံကြောင့် အိပ်ရာထဲကမထပဲအိမ်အကူအဒေါ်ကြီးအားလှမ်းခေါ်နေခြင်းပင်။မနေ့ညကဖဲဝိုင်းတွင်ရှုံးပြီးညဥ့်နက်တာကြောင့် မနက်ခင်းနာရီပိုင်းလောက်သာအိပ်ရသေးသည်မို့စိတ်ရှုပ်သွားရသည်။

"ခေါ်နေတာကြာပီ နှေးတိနှေးတုန့်နဲ့ မြန်မြန်လာ ဒီကလေးကို ကျွန်မနဲ့လာလာမသိပ်နဲ့လိုပြောထားတာမမှတ်ထားဘူးလား ဟမ်!!

"တောင်းပန်ပါတယ်...သခင်မရယ်...
နောင်ဆိုဒေါ်သောင်းအခန်းခွဲသိပ့်ပါမယ်"

"သူ့အဖေရော ပြန်လာလားညက.."

"သခင်ကြီးပြန်မလာတာ၂ရက်ရှိပါပီ.."

"....."

ဒီအိမ်မှာအလုပ်လုပ်လာတာကြာပီဖြစ်တာကြောင့် ဒေါ်သောင်းသခင်ကြီးနဲ့သခင်မအကြောင်းအသိဆုံးလူပင်ဖြစ်သည်။
သခင်ကြီး နဲ့ သခင်မက အမှားယွင်းတခုကြောင့်လက်ထပ်ခဲ့ရပြီး ရရှိလာခဲ့သော
ကလေးအားလုံးဝလှည့်မကြည့်ဂရုမစိုက်ကြ။
သခင်ကြီးရဲ့မိခင်ကြောင့်သာကလေးလူ့ဘဝထဲရောက်ရှိလာရခြင်းပေ။
မဟုတ်ရင် ကလေးလူ့ဘဝထဲတောင်ရောက်
လာခဲ့ပါ့မလားမသိပေ။မေမေကြီးက...

"ပြီးခဲ့တာလဲပြီးသွားပြီ..မင်းတို့ဘာသာချစ်ချစ်မချစ်ချစ် ဘာမှအပြစ်မရှိ တဲ့ကလေး
ကိုတော့မလုပ်ကြပါနဲ့အေ လူ့လောကထဲတော့ခေါ်ခဲ့ကြပါ"

သခင်ကြီးအမေဆုံးပါးသွားခဲ့တော့သခင်ကြီးက သခင်မရှိနေရင်အိမ်ပြန်မလာတတ်ပေ။ သခင်မကလဲ အပြင်မှာတင်မက အိမ်မှာပါဖဲဝိုင်းထောင်က ပျော်ပါးတတ်သေးသည်။
ကလေးအားအလှပျက်မှာကြောင့်မိခင်နို့မတိုက်ပဲနို့ဗူးသာတိုက်ခဲ့သည်။

......…........................
Time skip

"ယိမ်းလေးရေ....ကြီးသောင်းထမင်းချိုင့်ပြင်ပြီးပြီ ကျောင်းကားလာတော့မယ် မြန် မြန် လုပ် နော်..."

" ဟုတ် လာပါပြီ ...ဒါနဲ့ကြီးသောင်း ယ်ိမ်းကိုလက်မှတ်လေးထိုးပေးပါဦး ဒီမှာ"

"ဟယ်...ယိမ်းလေး တော်လိုက်တာကွယ်
ယိမ်းလေးကနော်အမြဲအဆင့် ၁ ကိုမကျဘူး"

DateWhere stories live. Discover now