ဇာတ်သိမ်းပိုင်း

4.8K 143 6
                                    

(ဇာတ်သိမ်းပိုင်း)

၃နှစ်ကြာပြီးနောက်>>

အုတ်ဂူဖြူဖြူလေးရှေ့မှာကောင်လေးတစ်ယောက်နဲ့၃နှစ်အရွယ်ကလေးလေးတစ်ယောက်ထိုအုတ်ဂူဖြူဖြူလေးကိုငေးကြည့်နေကြသည်။
ထို့နောက်ကလေးကိုလက်ကဆွဲပြီးကားရှိရာကိုပြန်လာခဲ့ကြသည်။

"ဖေဖေ ပြီးရင်ဘယ်တွားမှာယဲဟင်"

"ဦးတိမ်တိုက်တို့ဆီသွားမယ်လေ..."

"ဟုတ် သားဦးရှူးရှကိုတော့လွမ်းတယ်၊ဦးတိုက်နဲ့ဇကားမကြောချင်ပေမယ့်"

"ဦးတိမ်တိုက်ကသားကိုချစ်လို့စတာပါကွာ
သားကပဲအဲ့ဒီ့ကလေးစိတ်မကုန်သေးတဲ့သူကို
သည်းခံ ပေး လိုက် ပါ ဟုတ်ပြီလား..ဟားး"

သားနဲ့တိမ်တိုက်ကလုံးဝမတည့်ပေ။ကိုစူးရှထက်ဇော်ကတော့သားကိုအလိုလိုက်ပြီးချစ်တာကြောင့်သားကပိုခင်တွယ်နေလေသည်။

"မိုးစက်ထက်စေ..မင်းငါ့ဦးပေါ်ကနေဆင်းစမ်း.အားနေဦးအပေါ်ပဲတက်နေ"

"ဦးတိုက်...သားကိုဇကားလာမကြောနဲ့..
ရန်မချစ်ချင်ဘူး"

"ကြည့်စမ်း.အေးအဲ့တာဆိုပြန်တော့သွားငါ့အိမ်မလာနဲ့ဦးအပေါ်လဲမတက်နဲ့သွား.."

"ဟားးးးးးးး"

"ကဲ..ကလေး..စမနေနဲ့တော့မနေ့ကအပြင်သွားရင်းဝယ်လာတဲ့ဟာပေးမလို့ဆို.."

"ဟင်..သား ​ကိုဘာပေးမှာယဲ..ပေးစရာချိတာပေးတော့ယေ."

"လေသံကိုကပေးချင်စရာတစ်ကွက်မှမရှိဘူး"

"ဟင်း....ဦးတိုက်ရေသားကို ဝယ်ထားတာယေးပေးပါတော့ဂျာ"

"သက်ပြင်းကချရသေးတယ်ငယ်ငယ်ရွယ်ရွယ်နဲ့"

"ကလေး..တော် တော့ လို့ ဆို..သွားယူလိုက်ဦး"

အရှေ့မှာရန်ထိုင်ဖြစ်နေတဲ့သားနဲ့သူငယ်ချင်းကိုကြည့်ပြီးရီရတာတောင်မောနေလေပြီ။ကိုစူးရှဝင်တားလိုက်မှငြိမ်သွားကြတော့သည်။
လက်ဆောင်ရလို့ပျော်နေတဲ့သူနဲ့မခံချင်အောင်လိုက်စတဲ့သူနဲ့အဆင်ကိုပြေနေတာပဲ။

စျေးထိပ်နားကားရပ်ကာသားနဲ့အတူစျေးထဲဝင်လာလိုက်သည်။စျေးပိတ်ခါနီးမို့လူရှင်းနေလေသည်။

DateWhere stories live. Discover now