*သံယောဇဥ်လား..ချစ်ခြင်းလား*
မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့စကားပုံအတိုင်းပဲ ရာရာတစ်ယောက်မနက်မိုးလင်းထဲကdaddyနဲ့ဖုန်းပြောချင်တယ်ပဲပူဆာနေတာ ဘာအလုပ်မှသေချာမလုပ်ရပေ။ မောင် Bangkok ကိုအလုပ်ကိစ္စနဲ့ရောက်နေတာတစ်ပတ်ပင်ပြည့်တော့မည်။
"မိုးစက်..ပါးပါးပြီးရင်ခေါ်ပေးမယ်..ခနလေးစောင့်လို့မရဘူးလား..ကိုယ့်ဘာသာခေါ်ဆိုတော့လဲမခေါ်ဘူး..ကလေးလို့ပြောရင်မကြိုက်ချင်ဘူး..လုပ်နေတဲ့ပုံစံတွေက ကလေးလိုပဲ.."
"အသက်၁၀နှစ်ကျော်ပဲရှိသေးတာ ကလေးမဟုတ်လို့..လူကြီးလားပါးပါး.."
"အရင်က သားကိုကလေးလို့မပြောပါနဲ့.သားလူကြီးဖြစ်နေပြီလို့ပြောခဲ့တာဘယ်သူလဲ..
ရိုးရာယိမ်း..""daddy ကိုလွမ်းလို့ခေါ်ပေးပါဆို..သားခေါ်ရမှာပျင်းလို့ပါဆို"
လွမ်းတော့လဲသူပဲ ပျင်းတော့လဲသူပဲ..မခေါ်မပေးခြင်းဘေးမှာပွစိပွစိလုပ်နေတာကြောင့် ဘေးကဖုန်းကိုကောက်ကိုင်ပြီး မောင့်ဆီ video callခေါ်လိုက်သည်။သိပ်မကြာလိုက်..
မောင့်ရဲ့ကြည်လင်သောမျက်နှာလေးပေါ်လာတော့သည်။"ယိမ်း.. morning ..."
"morning..မောင်..အခုမှနိုးတာလား.."
"အင်း..ညကအိပ်ရာဝင်တာနောက်ကျသွားလို့..ဒါနဲ့သားရောနိုးပြီလား"
"နိုးပြီ..အိပ်ရာနိုးထဲက daddyဆီဖုန်းခေါ်ပေးပါပဲပြောနေလို့ ဒီနေ့မှဘာဖြစ်နေမှန်းကိုမသိဘူး.."
စူပုတ်ပုတ်မျက်နှာလေးနဲ့ သားကိုတိုင်သလိုပြောနေတဲ့ယိမ်းပုံစံလေးကြောင့် ပြုံးလိုက်မိသည်။မောင့်ယိမ်းက ချစ်ဖို့ကောင်းလိုက်တာ။ ဖုန်းမျက်နှာပြင်ထက်သားတော်မောင်မျက်နှာပေါ်လာတော့ ပြုံးလျှက်ပင်မျက်ခုံး
ပင့်ပြလိုက်သည်။"daddy..ဘယ်နေ့ပြန်လာမှာလဲ.. သားလွမ်းနေပြီ.."
"အပိုတွေပါကွာ..ပြီးရင်မင်းကိုကိုအနားကနေခွာတာမဟုတ်ဘူး.."
"ကိုကိုက..သားကိုရှိတောင်တောင်မှတ်လို့လား.သားကသာအတင်းလိုက်ကပ်မနေရင်သူ့ဘာသာနေနေတာကြီးကို..အမြဲရုပ်ကခပ်တည်တည်နဲ့.."
YOU ARE READING
Date
RomanceBL Myanmar# ဘာ လဲ ဟိုအဖိုးကြီးကြောင့်လား..ပိုက်ဆံ ရှိ လို့ လား..ကျွန်တော်မှာလဲရှိတယ် သူနဲ့မတွဲနဲ့ သူပေးသလောက်ပေးနိုင်တယ်။ #ရက်စွဲထင်စေ ယိမ်းဘဝမှာမောင်နဲ့သားလေးရှိရင်ပြည့်စုံပါပြီမောင်ရယ်။ #လေယူရာယိမ်း