အပိုင်း(၁၆)
"ဟင်...."
မျက်လုံးပြူးပြီးကြည့်လာတဲ့သူကြောင့်
အသဲယားကာ ခပ်ဟဟနှုတ်ခမ်းလေးကို
တစ်ချက်ဖိကပ်နမ်းလိုက်သည်။"ဟုတ်တယ် ကျွန်တော့်ကိုရော ယိမ်းဘယ်လိုသဘောထားလဲဟင်"
"အို!!ယိမ်းမသိဘူး...ဖယ် ..သွားတော့မယ်"
ချောင်ပိတ်မေးနေတဲ့သူကို အတင်းတွန်းဖယ်ရင်း အခန်းထဲပြေးဝင်ကာ တံခါးလော့ချလိုက်တော့သည်။
'ဟူး....ဆိုးလိုက်တာ သူသိပ်ဆိုးတယ်
ငါ့ရင်ခုန်သံတွေသူကြားသွားပြီလား တောင်မသိ'တီလေး ပြန်ရောက်တော့ မေယုကိုလက်ဆောင်တွေပေးရင် ကိုယ်လဲအခန်းထဲ
မှ အဝတ်များယူကာ အိမ်သို့ပြန်လာလိုက်သည်။တီလေး လဲခရီးကပြန်လာခါစ ဆိုတော့ ..
ပင်ပန်းမှာစိုးလို့ ကိုယ်ပဲဆိုင်သွားလိုက်တော့သည်။..............
Time skipမရောက်တာကြာနေလို့ဆိုကာဖုန်းဆက်လာတဲ့ချစ်သူငယ်ချင်းကြောင့် မျက်နှာတော်သွားပြရသေးသည်။သူ့နဲ့အကြောင်းလဲပြောချင်တာနဲ့ bar မှာသာဆုံလိုက်ကြသည်။
barလဲဖွင့်သာထားတယ်တစ်ခါမှမရောက်ဖြစ်ပေ။ မနက်ပိုင်းလူမရှိတာကြောင့် အေးအေးဆေးဆေး ပင်။
"အဲ့တော့မင်းက သူ့ကိုဖွင့်ပြောလိုက်ပြီပေါ့
မင်းဘက်ကသေချာသွားပြီလား သေချာစဉ်းစားပြီးပြီလား""ဟ!!မင်းပဲအရမ်းတွေတွန်းပို့..အခုကျတော့လဲဘာဖြစ်ရပြန်တာလဲ"
"မပြောလို့ရမလားကွ.မင်းမှာရောင်စဉ်ရှိသေးတယ်လေ..လှေလှံနှစ်ဖက်နင်းမလို့လား
မင်းအခုဖွင့်ပြောထားတာယောကျာ်းလေးနော်""ငါညက ရောင်စဉ်ကိုဖြတ်လိုက်ပြီ"
"ဟမ်...မင်းဘက်ကသေချာရင်လဲ.ဆက်လုပ်ပေါ့ ငါကနှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာဖြစ်မှာ စိုးလို့ပြောတာ"
"မတွေ့တာ၁ပတ်တောင်ရှိနေပြီ ဘာတွေအလုပ်ရှုပ်နေလဲမသိဘူး..အိမ်ဘက်ကိုမလာဘူးကွာ..ဖုန်းတောင် ငါ၃ခါခေါ်မှ၁ခါကိုင်တာ"
"အေး..မင်းလဲနော် ဖြောင့်ရင်တန်းနေတာပဲ
ကွေးတော့လဲပြန်ကိုဖြောင့်မလာဘူး ဒါနဲ့များ
အရင်က မကြိုက်ဖူးလေးဘာလေးနဲ့ ရည်းစားတောင် မဖြစ်သေးဘူး ပိုကိုပိုလွန်း တယ်"
YOU ARE READING
Date
RomanceBL Myanmar# ဘာ လဲ ဟိုအဖိုးကြီးကြောင့်လား..ပိုက်ဆံ ရှိ လို့ လား..ကျွန်တော်မှာလဲရှိတယ် သူနဲ့မတွဲနဲ့ သူပေးသလောက်ပေးနိုင်တယ်။ #ရက်စွဲထင်စေ ယိမ်းဘဝမှာမောင်နဲ့သားလေးရှိရင်ပြည့်စုံပါပြီမောင်ရယ်။ #လေယူရာယိမ်း