အပိုင်း(၇)

3.6K 153 3
                                    

အပိုင်း(၇)

ရက်စွဲ လမ်းမထွက်တာ၂ရက်ရှိနေပြီ လမ်းတင်မဟုတ် အခန်းထဲကပါမထွက်။ဒေါ်ယုယလွင် စိတ်ပူသွားရပြန်ပြီ။

ဒီကလေးအပြင်ထွက်တော့လဲ စိတ်ပူရ မထွက်တော့လဲစိတ်ပူရနဲ့ company.ကို ဆက်
ဦးစီးဖို့ပြောတော့လဲ အဖိုးဖြစ်သူကိုဘာတွေပြောလိုက်မှန်းမသိ။

"ငါ့မြေးကိုခနလောက်လွှတ်ထားလိုက်စမ်းပါ
သူ့မှအသိဉာဏ်ရှိတယ် သမီးဘက်ကသူ့ကို
ယုံကြည်ပေးသင့်တယ်လို့အဖေထင်တယ်"

တစ်ချက်လွှတ်အမိန့်ကြောင့် ကိုယ့်မှာသားဖြစ်သူကိုဘာမှပြောမရ။အခုလဲဘာတွေကြံနေပြန်ပြီလဲမသိချေ။

"ဒေါက် ဒေါက်...."

"မေမေ ကိစ္စ ရှိလို့လား နေမကောင်းဘူးလား"

"မဟုတ်ရပါဘူးတော် အိမ်နတ်လက်မခံလေးကအိမ်ကပ်နေတော့အံ့သြလို့ပါ"

"ဟားးးးမေမေရယ်ဘာများလဲလို့ တိမ်တိုက်
ကခရီးသွားနေလို့ သားတစ်ယောက်ထဲအပြင်မထွက်ချင်လို့ပါဗျာ"

တိမ်တိုက်ဆိုတာသူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပင်။ အမြဲအပြင်အတူတူသွားနေကြမို့သူမရှိတော့အိမ်ထဲသာအောင်းနေမိသည်။
အတူလိုက်ခဲ့ဖို့ခေါ်ပေမယ့်သူ့ဘဲကြီးက တွေ့ရတုန်းမို့ ဝင်မရှုပ်ချင်။

ကိုယ့်လိုကောင်မလေးတွေထားပေမယ့် သူ့ဘဲကြီးကိုတော့အသေချစ်သည်။ဟိုကလဲ သည်းသည်းကိုလှုပ်လို့ ပင်။

ကောင်မလေးဆိုမှသတိရတယ် အီစီကလီလေးဆီဖုန်းဆက်ဦးမှ တွေးမိရင်း
ဖုန်းယူကာ ဝရံတာဘက်ထွက်လာလိုက်သည်။

"ယမုံ ဒီည barလာမှာလား....."

ကောင်မလေးနဲ့ပွားနေတုန်း အိမ်ရှေ့ကဖြတ်
သွားသောဖြူဖြူရိပ်ကလေးကြောင့် ဖုန်းချကာ အောက်သို့ပြေးဆင်းသွားမိသည်။

ယိမ်း တီလေးနဲ့လူလဲရမှာမို့ ဆိုင်သွားရန်ပြင်
လိုက်ပြီး လမ်းထိပ်တွင် taxiငှားဖို့ထွက်လာတော့သည်။ ကား မောင်းသင်ဖို့တီလေးပြော
သော်လည်း ယိမ်း မသင်ချင်ပါ။

မေမေရဲ့car accident ကြားပြီးထဲက ခုထိ
ထိတ်လန့်နေဆဲပါ။

"ကိုလေယူရာယိမ်း!!!

DateWhere stories live. Discover now