အပိုင်း(၂၅)

2.9K 131 0
                                    

အပိုင်း(၂၅)

လူနာနိုးလာတော့မနက်၁နာရီပင်ရှိနေပြီဆရာဝန်သွားပင့်နေချိန်မောင်ကအကျိုးအ
ကြောင်းပြောလိုက်ပုံရသည်။ဆရာဝန်ကစစ်သင့်တာစစ်ဆေးပြီးပြန်ထွက်သွားကြသည်။

"ဟိုဒီကညီလေးကိုအကိုတို့ဘယ်ပြန်ပို့ပေးရမလဲ"

"ကျွန်တော်မှာအမှန်တော့နေစရာမရှိပါဘူး
ခုနေနေတဲ့နေရာကယာယီပြောပြီးနေနေတာပါကျွန်တော်ကမိဘမဲ့တစ်ယောက်ပါ"

စကားအဆုံးမောင့်ကိုကြည့်လိုက်တော့ခေါင်းညိမ့်ပြတာကြောင့်။

"ညီလေးအဆင်ပြေမယ်ဆိုအကိုတို့နဲ့လိုက်နေမလား ကိုယ့်ကိုယ်လဲကူညီထားတာဆိုတော့"

အခုမှမြင်ဖူးတဲ့လူတစ်ယောက်ကိုမယုံကြည်သင့်ပေမယ့်ကောင်လေးကရိုးရိုးသားသားပုံလေးမို့မေးကြည့်လိုက်ခြင်းပင်။

"ကျွန်တော်ကတစ်ခုခုပြန်လိုချင်လိုကူညီတာမဟုတ်ပါဘူးညနေကအကိုတို့ကားပျက်နေတာတွေ့လိုက်ပါတယ်ဖုန်းလဲဆက်နေတော့အကူညီမလိုဘူးထင်လို့ပါ မိုးချုပ်ခါနီးဟို၃ယောက်မူမမှန်လို့ခနအကြာလိုက်လာကြည့်မိတော့ထင်တဲ့အတိုင်းပဲအဲ့တာကေြာင့်ကူညီလိုက်တာပါတစ်ခြားဘာရည်ရွယ်ချက်မှမရှိပါဘူး"

"အကိုတို့နားလည်ပါတယ်..ဒီအတိုင်းမလိုက်ချင်လဲအိမ်မှာကူလုပ်လို့ရတာပဲကားမောင်းတတ်လား"

မောင်ကဝင်ပြောလိုက်တာကြောင့်ဘာမှမပြောပဲပြန်ပြောလာမည့်အဖြေကိုနားထောင်နေလိုက်သည်။

"ဟုတ်..ကျွန်တော်အရင်ကနေတဲ့နေရာမှာဒရိုက်ဘာလုပ်ဖူးပါတယ်"

"Okလေ ယိမ်းကလဲကားမမောင်းချင်ဘူးဆိုတော့အဆင်ပြေတာပေါ့ယိမ်းဆိုင်ကအသွား အပြန်ပူစရာမလိုတော့ဘူးပေါ့ ဒီကညီလေးအဆင်ပြေရင်ကိုယ်တို့နဲ့လိုက်နေလို့ရပါတယ်"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်အကိုတို့ကို"

"ကိုယ်ကလေယူရာယိမ်း..ဒီဘက်ကကိုယ့်အမျိုးသားရက်စွဲထင်စေတဲ့"

"ဗျာ"

"အင်းးးကိုယ်တို့ကလက်ထပ်ထားတာ...ဒီကညီလေး..."

DateWhere stories live. Discover now