အပိုင်း(၂၄)

2.8K 105 2
                                    

အပိုင်း(၂၄)

ဖေဖေလဲလမ်းမလျှောက်နိုင်သေးပေမယ့်တော်တော်လေးသက်သာနေပြီမို့ တီလေးနဲ့ပြန်လာကြသည်။ဆိုင်ကိုပစ်ထားတာလတစ်ဝက်လောက်ရှိနေတာလဲပါလေသည်။

နေပြည်တော်ကျော်ခဲ့ပြီးသိပ်မကြာသေးကားအရှေ့ဖုန်းမှမီးခိုးတွေထွက်လာတာကြောင့်လမ်းဘေးခနရပ်ကာ ကားဆရာကခနဆင်းကြည့်နေသည်။ မန္တလေး ကိုရောက်ဖို့၃နာရီ ၄နာရီလောက်မောင်းရဦးမှာဆိုတော့မိုးမချုပ်ခင်ရောက်ချင်ပါသည်။

အိမ်ကထွက်လာတော့နဲနဲနောက်ကျတာမို့ အခုညနေ၄နာရီရှိနေလေပြီ။ကားဆရာကလဲ
သိပ်ပြင်တတ်ပုံမရ။မောင့်ကိုဖုန်းခေါ်တော့လဲမကိုင်နဲ့စိတ်ကညစ်လာလေပြီ။

"သားတီလေးတို့လာတဲ့ကားတားပြီးစီးသွားကြမလား ဒီနာတွေကနေရတာအဆင်မပြေလောက်ဘူး"

"ဟုတ်တီလေး အဲ့လို ပဲ လုပ်ရမှာပေါ့..."

ကားအလာစောင့်နေတာ၁နာရီလောက်ရှိနေပြီအဆင်မပြေသေး။

📞📞စိတ်မဆိုးနဲ့နော်ခွင့်လွှတ်ပါကွယ်.
         ကိုယ် ရိုင်း နေ ရင်...ကိုယ့် စိတ်ကအရင် ဒီ လို....📞📞📞

ဖုန်းလာသံကြောင့်ကြည့်လိုက်တော့မောင်ပြန်ခေါ်တာကြောင့်ဝမ်းသာသွားရသည်။ဖုန်း
ringtoneသံကယိမ်းစိတ်ဆိုးနေတုန်းကမောင်ဂစ်တာတီးဆိုပြခဲ့လို့သဘောကျစွာထားထားခြင်းပင်။

"ဟယ်လို မောင်"

"..."

"အင်း..ယိမ်းတို့နေပြည်တော်အကျော်လောက်မှာကားပျက်သွားလို့အဲ့တာမောင့်ကိုဖုန်းလှမ်းဆက်တာ"

"..."

"အင်းအဲ့တာဆိုစောင့်နေမယ်လေဖြေးဖြေးမောင်းခဲ့နော်"

ဖုန်းချပြီးတီလေးကိုမောင်လာခေါ်မယ်လို့သွားပြောလိုက်သည်။ ကားပြင်မယ့်သူပါတစ်ခါထဲခေါ်လာခဲ့မယ်ဆိုတာကြောင့်ကားအတွက်ပါစိတ်မပူရတော့ချေ။

၇နာရီကျော်လာပြီမို့ မှောင်လာတာကြောင့်
ကားထဲဝင်ထိုင်နေရန်ဆုံးဖြတ်လိုက်ကြကာ
ကားဆီအသွားထိုအနီးနားမှလူဖြစ်ပုံရသည့်
လူ့၃ယောက်အနားကပ်လာတာကြောင့်တီလေးကိုကားထဲဝင်ထိုင်ခိုင်းလိုက်သည်။

DateWhere stories live. Discover now