အပိုင်း(၃၀)

3.2K 102 4
                                    

အပိုင်း(၃၀)

အိပ်ယာနိုးတော့ဘေးနားမှာယိမ်းမရှိတာနဲ့အပြင်ထွက်လာခဲ့တော့လှေကားနားမှာစကားရပ်ပြောနေတဲ့ယိမ်းနဲ့ရောင်စဥ်ကိုတွေ့တော့အနားမသွားပဲအပေါက်ဝနားမှာရပ်နားထောင်နေလိုက်သည်။မိသားစုပြဿာမို့ကိုယ်ဝင်မပါချင်။

ထို့နောက်ယိမ်းကအောက်ဆင်းဖို့ပြင်နေတာကြောင့်လိုက်ဆင်းဖို့အထွက်ရိုက်သံကျယ်ကျယ်နှင့်လှေကားပေါ်ကပြုတ်ကျသွားတဲ့သူကိုကြည့်ပြီးအနားကိုအမြန်သွားလိုက်သည်။

"ယိမ်းးးးးးးးး!!

ခေါင်းမှသွေးတွေကျပြီးသတိလစ်သွားသောယိမ်းကိုဆွဲပွေ့လိုက်သည်။အော်သံကြားတော့အိမ်ကလူတွေလဲလန့်နိုးလာကြသည့်ပုံ
မို့တီလေးကိုတွေ့တော့ဆေးရုံအမြန်သွားဖို့ပြင်ခိုင်းရတော့သည်။ယိမ်းကိုပွေ့ချီထားရင်းပင် လှေကားထိပ်မှာအခုထိကြောင်ပြီးရပ်နေသူဘက်လှည့်ကာ။

"မင်းနဲ့ငါနဲ့ပြန်လာမှရှင်းမယ်...ယိမ်းတစ်ခုခုဖြစ်ခဲ့ရင်ငါကိုယ်တိုင်မင်းတို့အကုန်လုံးကိုမြေလှန်ပစ်မယ်"

ဆေးရုံရောက်တော့ဆရာဝန်များကအသင့်စောင့်နေကြသည်။ကားပေါ်တွင်ဖိုးဖိုးကိုအကူညီတောင်းပြီးဖိုးဖိုးသူငယ်ချင်းပိုင်တဲ့ဆေးရုံကိုမောင်းလာခဲ့တာကြောင့်ပင်။

၁နာရီကျော်နေပြီအခုထိခွဲခန်းထဲကဘာတစ်ခုမှမသိရသေးပေ။တီလေးကလဲမေမေ့ကိုအကြောင်းကြားပြီးမျက်ရည်နဲ့မျက်ခွက်ဖြစ်နေလေတော့သည်။တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေကြတော့သည်။

ခနကြာတော့ခွဲခန်းထဲမှာဆရာမလေး၂ဦးအမြန်ပြေးထွက်လာသည်။ပြီးနောက်ဆရာဝန်ကြီးထွက်လာကာ အရှေ့တွင်မျက်စိပျက်မျက်နှာပျက်လာရပ်နေသည်။

"ပြောရမှာတော့ စိတ်မကောင်းပေမယ့် ကျွန်တော်တို့အကောင်းဆုံးကြိုးစားပေးပါ့မယ်။အခုက လူနာကဦးခေါင်းဒဏ်ရာကသွေးထွက်လွန်တာရောယောကျာ်းလေးကိုယ်ဝန်ဆောင်ဖြစ်ကာဗိုက်ကိုထိမိတာ
ကြောင့်စိုးရိမ်ရပါတယ်..
အကယ်၍အမျိုးသားနဲ့ကလေးကိုရွေးရမယ်ဆိုဘယ်သူကိုရွေးမလဲဆိုတာလူနာရီင်တွေကိုမေးကြည့်တာပါ"

DateWhere stories live. Discover now