အပိုင်း(၁၇)⚠️

4.7K 154 7
                                    

အပိုင်း(၁၇)⚠️

Warningပေးပါတယ်နော် မဖတ်ချင်လဲကျော်သွားကြပါ....ရိုင်းသွားခဲ့ရင်တောင်းပန်ပါတယ်..

မိုးရွာလာတာကြောင့် ပြတင်းပေါက်ထပိတ်တော့ ထိုနေရာမှာရပ်နေတဲ့သူကြောင့် မျက်
မှောင်ကြုတ်ရင်း..မိုးအရမ်းသည်းရင် အိမ်
ထဲဝင်မှာပဲ ဟု တွေးကာ အခန်းမီးပိတ်ပြီးအိပ်ဖို့ပြင်လိုက်သည်။

မိုးခြိမ်းသံကြောင့်လန့်နိုးလာတော့ နာီဝက်လောက်အိပ်ပေါ်သွားတာပင်။ရုတ်တရတ်စိတ်ထဲ ရောက်လာတဲ့သူ့ကြောင့် ပြတင်း ပေါက်နား သွားရပ်ကြည့်လိုက်သည်။

"ဘုရားရေ...သူအခုထိရှိသေးတာလားမိုးတွေဒီလောက်ရွာနေတာကိုလေ"

အိမ်အောက်ကိုပြေးဆင်းကာထီးတစ်ချောင်းယူပြီးသူ့ဆီသာပြေးသွားလိုက်သည်။ဒီအတိုင်းထားရင် မနက်ဖြန်အသက်တောင်ရှိပါ့လိမ့်မလား။

"ရက်စွဲထင်စေ မင်းဒါဘာလုပ်နေတာလဲ ရူးနေတာလား ဟမ်!!!

"..."

"လာ အိမ်ထဲဝင် မယ်"

"..."

ဘာတစ်ခုမပြောပဲ ကိုယ့်သာစိုက်ကြည့်နေတာကြောင့်သက်ပျင်းချကာ အိမ်ထဲအတင်းဆွဲခေါ်လာလိုက်တော့သည်။

သူ့အခန်းထဲရောက်တော့ အတင်းချော့ကာရေချိုးခန်းထဲ တွန်းပို့ရင်း သန့်ရှင်းရေးလုပ်ခိုင်းရတော့သည်။

ကိုယ်လဲဘောင်းဘီအောက်ဖျားတွေ စိုနေလေပြီ။ရေချိုးခန်းထဲမှ bathrobeခဲရောင်နဲ့ထွက်လာကာ ခေါင်းကရေစိုဖြင့် ရပ်ကြည့်နေသူကြောင့်အနားဆွဲခေါ်ကာကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။

"လာ...ခေါင်းရေသုတ်ပေးမယ် မင်းဖျားလိမ့်မယ် ..တော်ရုံပဲ ရူး....ရက်စွဲ"

သူ့ဒူးနှစ်ဖက်ကြားဝင်မတ်တပ်ရပ်ရင်ရေသုတ်ပေးလိုက်သည်။

ခါးကိုလာဖက်တဲ့ လက်တစ်စုံကြောင့် တွန့်ခနဲဖြစ်သွားပေမယ့် မရုန်းဖြစ်ခဲ့။ရုတ်တရတ်ခေါင်းမော့ကြည့် လာတာကြောင့်ဆက်မလုပ်ပဲ သူ့ကိုသာပြန်ကြည့်လိုက်မိသည်။

"ယိမ်း...ကျွန်တော်ကိုချစ်လားဟင်..."

"......"

ရီဝေဝေမျက်လုံးများဖြင့်ကြည့်ပြီးမေးလာတာကြောင့်ရင်ခုန်သံတွေထိန်းမရတော့။
ခါးမှဆွဲချလိုက်ခြင်းကြောင့် သူ့ပေါင်ပေါ်ထိုင်လျက်သား ပြီးနောက် အေးစက်တဲ့နှုတ်ခမ်းတစ်စုံထိကပ်လာလေသည်။

DateWhere stories live. Discover now