အပိုင်း(၂၈)

3.4K 119 0
                                    

အပိုင်း(၂၈)

"ဘယ်လိုမေမေ..မြေးလေးဟုတ်လား ဘာကိုပြောချင်တာလဲ"

"အေး အစကတော့ယိမ်းလေးကနောက်လမင်းမွေးနေ့မှလက်ဆောင်အဖြစ်ပြောမယ်ဆိုပြီးပြောထားလို့ဘာမှမပြောတာ ယိမ်းလေးမှာမင်းရင်သွေးလေးရှိနေပြီ...ဟိုတစ်ခါမူးလဲတာအဲ့တာလဲပါတယ်..မင်းရဲ့အရှုပ်ထုတ်ကြောင့်လဲပါတယ်.."

"ဘယ်လို..အဲ့တာဆို...အဲ့တာဆိုယိမ်းမှာအခုသားရင်သွေးလေးရှိနေပြီပေါ့ ပြီးတော့သားအရှုပ်ထုတ်ဆိုတာက...ဘာတွေလဲမေမေရာ ကျွန်တော်ရူးတော့မယ်ဗျ"

"မင်းရဲ့လင်းလက်ရောင်စဥ်ဆိုတဲ့မိန်းကလေးက ဆိုင်ကိုလာပြီးခရီးသွားတဲ့ညက ကိစ္စ ကိုလာပြောသွားတယ်သူ့ဆီမှာမင်းအဝတ်ကျန်ခဲ့လို့ပြန်လာပေးတာလဲပြောသေးတယ်တဲ့..အခုကရော..မင်းဘာတွေလုပ်နေတာလဲသားငယ်ရယ်"

မေမေပြောတာတွေဘာတစ်ခုသေသေချာချာနားမလည်ပေမယ့်ရှင်းပြမှရမှာမို့မေမေ့ကိုထိုင်စေလိုက်သည်။

'ခရီးသွားတုန်းက သူ့ကား
ပျက်လို့အတူတူပြန်လာခဲ့ပြီးအတိုအပြတ်ဝတ်ထားတာကြောင့်အမြင်မတော်လို့ အပေါ်
အကျီ်ပေါင်ပေါ်တင်ပေးလိုက်တာပါ။အိမ်အမြန်ရောက်ချင်ဇောနဲ့မောင်းလာတော့သူကကားမူးလို့အိမ်ထဲတွဲခေါ်ပေးလိုက်ရသည်။
အိမ်ထဲရောက်တော့ အခန်းထဲမြွေဝင်နေလို့ရှင်းပေးလိုက်ရတာနဲ့ကြာသွားခြင်းသာ'

ဖြစ်ပျက်သမျှဇာတ်ရှည်ကိုအကုန်ရှင်းပြပြီး
ကြည့်လိုက်တော့ ဒီနေ့ ကိစ္စ ပါထပ်မေးလာ တာကြောင့် သက်ပျင်းအသာချပြီးထပ်ရှင်းပြလိုက်ရသည်။

'ဆောက်လုပ်ရေးဘက်မှာအလုပ်သမား၂ဦး
အပေါ်က ပြုတ် ကျ လို့ companyကတာဝန်ယူရမှာရော လူအစားထိုးဖို့ရော မိသားစု ကို
ဆေးရုံတက်နေချိန်ထောက်ပံ့ဖို့ပါတိုင်ပင်နေချိန် သူမအပေါ် အိမ်မြှောင်ပြုတ်ကျလာလို့လန့်ပြီးပေါင်ပေါ်အတင်းတက်လာတဲ့အချိန်ယိမ်းဝင်လာတာနဲ့တိုးသွားခြင်းပင်'

မရတော့ဘူး အခုယိမ်းဆီကိုပြေးသွားချင်ပေမယ့် မေမေ့ကိုရှင်းပြလိုက်ရတာရော အလုပ် ကိစ္စတွေ ကြောင့်တစ်နေကုန်ပင်ပန်းကာ စိတ်ရောကိုယ်ပါပင်ပန်းနေပြီ။

DateWhere stories live. Discover now