အပိုင်း(၃)

4.5K 181 3
                                    

အပိုင်း(၃)

၁၀တန်းစာမေးပွဲဖြေပြီးလို့ ယိမ်းအားနေတာနဲ့
ခြံထဲဆင်းကာပန်းပင်တွေရေလောင်းနေလိုက်သည်။ထို့ချိန်ခြံထဲသို့ဖေဖေ့ကားဝင်လာတာကြောင့် အံ့သြသွားမိသည်။ရုံးချိန်ကြီးကို
ဖေဖေဘာမေ့ခဲ့တာပါလိမ့်။

တွေးနေတုန်းအိမ်ရှေ့တွင်ဖေဖေကားရပ်ကာ
ဖေဖေနဲ့အတူမိန်းမတစ်ယောက်,ယိမ်းထက်
အသက်အနဲငယ်ကြီးလောက်သော ကောင်လေးနဲ့ကောင်မလေးပါအတူတူဆင်းလာတာတွေ့လိုက်ရသည်။

ဖေဖေယိမ်းဘက်ကိုတစ်ချက်ကြည့်ပြီးအိမ်ထဲသို့ဝင်သွားသည်အထိယိမ်းဘာတစ်ခုမှမသိရသေးပေ။

အိမ်ထဲတွင်,
"ဒေါ်သောင်း ဒါကကျွန်တော်လက်ထပ်မည့်အမျိုးသမီး ဒေါ်လင်းလက်နွယ်တဲ့ ဘေးက
လင်းခန့်ကိုတဲ့ ဒီဘက်ကသမီးလေးက
လင်းလက်ရောင်စဥ်တဲ့ ကျွန်တော့်ကိုဆက်ဆံသလိုသူတို့ကိုလဲလေးလေးစားစားဆက်ဆံပေးပါ..မနက်ဖြန်ကစပြီးဒီအိမ်မှာနေလာနေလိမ့်မယ်"

"ဟုတ်ကဲ့ပါ...သခင်ကြီး"

"ဒါနဲ့ဟိုကောင်ခြံထဲဘာလုပ်နေတာလဲ
အအေးပတ်ပြီးသေချင်နေတာလားမသိဘူး
ကိုယ်စောက်ကြောင်းကိုယ်မသိဘူး"

ဒေါ်လင်းလက်နွယ်တို့ကိုတော့ ယိမ်းနဲ့သူ
ပတ်သတ်သမျှကို အကုန်ပြောထားတာ
ကြောင့်ဘာမှတော့ရှင်းပြစရာမလိုပေ။

"နွယ်...ကိုယ်ရုံးသွားရင်းပြန်ပို့ခဲ့မယ်
မနက်ဖြန်ပြောင်းလာဖို့ကားလွတ်လိုက်မယ်
နောက်တစ်ပတ် လက်မှတ်ထိုးဖို့ရှေ့နေလဲဖုန်းဆက်လိုက်ဦးမယ်"

"ဟုတ်ပါပီ နွယ်တို့သားအမိတွေအဆင်ပြေပါ
တယ် ဟင်းးဟင်းးးးဟင်းး"

ဖေဖတို့ပြန်ထွက်သွားတော့မှယိမ်းကြီးသောင်းကိုအကျိုးအကြောင်းမေးရတော့
သည်။ဘာပဲဖြစ်ဖြစ်လေ ယိမ်းအိမ်မှာတစ်ယောက်ထဲနေရတာထက်တော့အဆင်ပြေ
မှာပါ။ယိမ်းမှာအခုအကိုနဲ့အမနဲ့ရှိသွားပြီလေ။
ဖေဖမိတ်မဆက်ပေး အသိမပေးပေမယ့်လဲယိမ်းအဆင်ပြေပါတယ်လေ။

နောက်နေ့

"ဟဲ့..နင့်နာမည်ကလေယူရာယိမ်းနော် ငါက
လင်စလက်ရောင်စဥ် ငါ့ကနင့်ထက်အသက်နဲနဲကြီးတော့မမလေးလို့ခေါ်ရမယ်ကြားလား"

DateWhere stories live. Discover now