အပိုင်း(၈)

3.4K 143 0
                                    

အပိုင်း(၈)

ဆိုင်သွားခါနီး ဗိုက်ထဲအောင့်လာတာကြောင့်
တီလေးဆီဖုန်းဆက်ကာ ဒီနေ့ဆိုင်မထိုင် ဖြစ်
ကြောင်းလှမ်းပြောရသေးသည်။

တီလေးကသူပြန်လာရမလားပြောပေမယ့်
လူကြီးကိုစိတ်မပူစေချင်တာကြောင့် နားလိုက်ရင်အဆင်ပြေပါတယ်လို့သာပြောလိုက်
တော့ချေ။

ဆေးသောက်ဖို့အောက်ဆင်းကာ ဆေးဗူးထဲ
ရှာကြည့်လိုက်တော့အကိုက်အခဲပျောက်ဆေးကုန်နေသည်။

"မေယုရေ...မေယု..."

"ဟယ်...သားလေးလာလေ မျက်နှာလဲမကောင်းပါလား ဘာဖစ်လို့လဲမေယုကိုပြော"

"ယိမ်း...ယိမ်း..အဆင်မပြေ......"

"အမလေး....ဦးလှရေ ဦးလှ လာပါဦး
ယိမ်းလေးဒီမှာမူးလဲသွားလို့...ဆရာဝန်ဆီဖုန်းဆက်ပေးပါဦး..."

ဆရာဝန် ပြန်သွားတော့ တီလေးနဲ့မေယုက
ကြင်နာသနားသောမျက်လုံးများဖြင့်ကြည့်နေကြသည်။ တီလေးက ယိမ်းအကြောင်းသိနေပေမယ့် မေယုကရော မေယုက ယိမ်းကိုရွံသွားမှာလား မျက်ရည်ပူများသာစီးကျနေလေသည်။

"ယိမ်းလေး....ဘာလို့ငိုနေတာလဲကွယ်
ဗိုက်ကအဆင်ရောပြေရဲ့လားဟင်"

"မေယု မေယု ယိမ်းကိုရွံမုန်းသွားပြီလားဟင်"

"အို!!မဟုတ်တာသားရယ် ဘဝကပေးတဲ့
အရာပဲလေ ယိမ်းလုပ်ထားတာမှမဟုတ်တာ အားမငယ်နဲ့နော်...မေယုရောမြယဥ်ပါသားဘေးမှာရှိတယ် ဟုတ်ပြီလား ကြည့်ပါဦး
ကလေးကြနေတာပဲ နှာရည်တွေတောင်ထွက်ကုန်ပြီ..."

ကျေးဇူးတင်ပါတယ် ယိမ်းကိုနားလည်ပေးကြလို့ ...

ရက်စွဲအိမ်ပြန်လာတော့ ခြံထဲတီလေးယဥ်ကားတွေတာကြောင့် မေမေဘာများဖြစ်လို့လဲစိုးရိမ်သွားကာ အိမ်ထဲအပြေးလှမ်းခဲ့လိုက်သည်။

'ဟင် သူ..သူကအိမ်ကိုဘာလာလုပ်တာလဲ
ပြီးတော့မေမေ့ကုတင်ပေါ်မှာ နေမကောင်းတာလား ဘာရောဂါဖြစ်တာလဲ'

တွေးရခက်စွာအခန်းထဲဝင်လိုက်တော့မေမေ့
ဆီမှ

"သား အစောကြီးအိမ်ပြန်လာလို့ပါလား..
ဒီမှာသားအကို မူးလဲသွားလို့ ...ဦးလှကိုအကူညီတောင်းလိုက်ရတယ် အိမ် မှာတစ်ခုခုဆို
မင်း ဘယ်တော့ မှမရှိ ဘူး.."

"မေမေရာ အိမ်မှာလဲသားဘာအလုပ်မှမရှိတာ တိမ်တိုက်နဲ့သားအပြင်တွေလျှောက်သွားနေတာမဟုတ်ဘူး mini barလေးဖွင့်ဖို့တိုင်
ပင်နေတာပါဗျာ"

"မင်းကို companyကိုဦးစီးပြောတုန်းက
ဘာဖြစ်တယ်လေး ဘာလေး နဲ့ အခုကျတော့
အလုပ်လုပ်မယ်ဆိုတော့ မင်းမေမေ့ကိုရွဲ့နေ
တာ လား ရက်စွဲထင်စေ"

"မေမေရာတော်ပါပြီဗျာ ...မေမေ့လဲသားမရွဲ့
ရပါဘူး...အခုကလဲအလေလိုက်နေမှာမှမဟုတ်တာ ...ဟိုမှာတီလေးယဥ်တို့ကို အား
နာစရာကြီးဗျာ.."

"ဟုတ်သားပဲ မင်းနဲ့ပြီးမှဆက်ပြောမယ်..မြယဥ် မယုအားနာလိုက်တာ ကြား တဲ့ အတိုင်း ပဲ.."

"ရပါတယ်မယုရယ် ပြောစရာလူတွေမှမဟုတ်တာ ယိမ်းအစားလဲကျေးဇူးတင်ပါတယ်နော်"

တီလေးနဲ့ယိမ်းလဲကိုယ့်အိမ်သာကိုယ်ပြန်လာလိုက်တော့သည်။တီလေးကတော့ အထပ် ထပ် မှာရှာပါသည်။အစစအရာရာဂရုစိုက်ဖို့။

ညရောက်တော့တီလေးနဲ့ထမင်းစားပြီး တော့
Tvထိုင်ကြည့်နေချိန် အိမ်ဖုန်းမြည်လာတာကြောင့်ယိမ်းဖုန်းနားသွားကာ..

"ဟယ်လို...အမိန့်ရှိပါ"

"အသံကိုကကျက်သရေမရှိဘူး မိယဥ်ကိုဖုန်းပေးလိုက် နောင်ငါ့ဖုန်းလာရင်မင်းလာမကိုင်နဲ့ စောက်အခြောက်ကောင်!!!

ယိမ်းလဲဘာမှဆက်မပြောတော့ပဲတီလေးသာဖုန်းပေးလိုက်တော့သည်။ဖေဖေ့ဖုန်းကိုဒီရောက်ထဲကနားစွင့်နေပေမယ့်တီလေးနဲ့သာပြောပြီးဖုန်းချချသွားသည်။

တီလေးကတော့ယိမ်းကိုစိတ်မကောင်းမဖြစ်ဖို့နှစ်သိမ့်ပေးပါသည်။
ကိုကိုလေးနဲ့မမလေးကဖေဖေ့သွေးသားအရင်းမဟုတ်ပေမယ့် ဖေဖေ့ရဲ့ဂရုစိုက်မှုတွေခံရသည်။

ရက်စွဲထင်စေကို အားကျမိပါသည်။ဖခင်မရှိတော့ပေမယ့် မေယုက၂ယောက်စာပိုချစ်ပေး
သည်။အဖိုးဖြစ်သူကလဲ ဒီမှာသာမရှိတာသူ့မြေးကိုအလိုလိုက်ကာ တုန်နေအောင်ချစ်တာခံရသည်။

အမ်...ငါကဘာကြောင့်သူ့အကြောင်းတွေးမိပြန်တာလဲ..ရူးသွားတာလား။

ဘာမှဆက်မတွေးတော့ပဲ ဆရာဝန်ပေးခဲ့သော ဆေးအားသောက်ကာ အိပ်ပျော်အောင်အိပ်လိုက်တော့သည်။

........................................

ယိမ်းကိုလဲချစ်ပေးကြပါဦး။စာတိုသွားပြီ။
စာလုံးပေါင်းမစစ်ရသေးပါဘူးနော်။

ချစ်သောရိုမာ

DateWhere stories live. Discover now