အပိုင်း(၅)

3.9K 156 2
                                    

အပိုင်း(၅)

"ယိမ်းလေးရယ် သားဖုန်းဆက်ဆက်ခြင်း
တီလေးမှာလန့်သွားတာပဲ တီ့အိမ်မှာလာနေမယ်ဆိုပြီးဖုန်းချသွားလို့လေ "

ယိမ်းလဲဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ဟိုအိမ်မှာလုံးဝဆက်မနေချင်တော့
တာကြောင့်တီလေးဆီသာလာခဲ့တော့သည်။

" တီလေးကသားကိုဒီမှာပဲနေစေချင်တယ် တီလဲအဖော်ရတာပေါ့ကွယ်"

"ဟုတ်...တီလေးယိမ်း တီလေးမျက်နှာပျက်စရာဖြစ်အောင်မနေပါဘူး.."

"ကဲပါ တီ့ချစ်စရာတူလေးကဘာမှစိတ်မကေင်းမဖြစ်နဲ့ ဟုတ်ပြီလား ကဲသွား....
အပေါ်မှသွားနားတော့တီလေးသားအတွက်အခန်းပြင်ပေးထားတယ်"

"ဟုတ် တီလေးသားသွားပြီနော်"

ရန်ကုန်ကနေကားစီးလာရတာကြောင့်လူကနုံးနေပြီ ယိမ်းအိပ်ရာပေါ်လဲရင်း ဖေဖေ့အိမ်ကအကြောင်းခေါင်းထဲဝင်လာတာကြောင့်
ရေသာအရင်ထချိုးလိုက်တော့သည်။

စိတ်ရောလူရောပင်ပန်းလာခြင်းက ရေချိုးလိုက်လို့အေးသွားတာနဲ့ ခုတင်ပေါ်တက်ကာအိပ်စက်လိုက်တော့သည်။

အိပ်ရာကနိုးတော့ အောက်ထပ်သို့ဆင်းလာခဲ့
သည်။ တီလေး ဆိုင်ကပြန်မလာသေးတာကြောင့် ခြံထဲဆင်းကာ ခြံတန်းရှည်လေးပေါ်သာထိုင်နေလိုက်သည်။

ဝူးးးးးးးးးး

"အမလေး!! မြတ်စွာဘုရားကားကိုဘယ်လိုမောင်းနေကြတာလဲမသိပါဘူး"

ခြံရှေ့ကျော်နားမှာတင်ခုနမောင်းလာသည့်ကားရပ်သွားကာ ဟွန်းတီးသံအဆက်မပျက်
ထွက်နေသောကြောင့် ယိမ်းတံခါးလေးအနည်းငယ် ဟ ကာချောင်းကြည့်မိလိုက်သည်။

ကားမီးခိုးရောင်တစ်စီး ယိမ်း ကြည့် နေ တုန်း
ထိုကားလေးသည် ဘေးကခြံသို့ဝင်သွားလေတော့သည်။

တီလေးနှင့်ထမင်းစားနေရင်း..

"တီလေး ယိမ်းလေ...တီလေးဆိုင်မှာလာထိုင်ချင်တယ် ယိမ်းရှိတော့တီလေးလဲသက်သာတာပေါ့ အိမ်မှာနေရတာယိမ်းပျင်းလို့ပါ"

"အို!!မဟုတ်တာယိမ်းးရယ် ပျင်းရင်သင်တန်း
တစ်ခုခုတက်ပါလား သားရယ်"

"ယိမ်း စီးပွားရေးလေးလဲ သိသင့်သောက်သိချင်လို့ တီလေးကိုလဲကူရင်းပေါ့ခွင့်ပြုပါနော်"

အတင်းပူဆာနေတာကြောင့်ဒေါ်မြယဥ် ဘယ်လိုမှမငြင်းသာတော့ နောက်ဆုံးသူကပဲ
အလျာ့ပေးလိုက်ရတော့သည်။ကျေးဇူးရှင်လေးကပြောသေးတယ်။

"ယိမ်းမငယ်တော့ပါဘူးတီလေးရဲ့ အသက်ပဲ
၂၄နှစ်ရှိနေပီ..."တဲ့လေ။

တီလေးကမနက်ပိုင်းထိုင်စေကာ ယိမ်းကို
ညနေပိုင်းမှသာလာထိုင်စေခဲ့သည်။ဘာပဲ
ဖြစ်ဖြစ် အိမ်ထဲမှာနေနေတာထက်စာရင်တော့ကောင်းပါတယ်လေ။

****
"တီလေး ...ယိမ်းရောက်ပြီ"

"အော် အေးအေး ...မိပုရေ မိပု! ခနလာဦး"

"ဟုတ်....လာပြီ တီလေးယဥ်"

"သူကရန်ကုန်က တီလေးယဥ်ရဲ့တူလေး
လေယူရာယိမ်းတဲ့ ဒီနေ့ကနေစပြီး သူပါဆိုင်ကူထိုင်လိမ့်မယ် မသိတာရှင်းပြပေးလိုက်ဦး
နော်...ယိမ်းလေးသူကမိပုတဲ့ဆိုင်ကဝန်ထမ်း
ဝန်ထမ်းပေမယ့်မိသားစုလိုပါပဲစိတ်ချရတယ်
ကဲ အဲ့တာဆို တီလေးပြန်ပြီနော် "

"ဟုတ်ကဲ့...."×2

တီလေးပြန်သွားတာနဲ့ ယိမ်းလဲသိသင့် တာလေးတွေ မမိပုကိုမေးရင်းအလုပ်ရှုပ်နေတော့သည်။မမိပုကစိတ်ရှည်လက်ရှည်နဲ့ရှင်းပြ ပြောပြပါသည် ။ယိမ်းနဲ့မမိပုနဲ့လဲ အတော် ခင် သွား ခဲ့ ကြ၏။

ယိမ်းဆိုင်သိမ်းပြီး ကားငှားရန်သွားနေချိန်
အရှေ့မှ အမျိုးသမီးတစ်ဦးဟန်ချက်ပျက်ကာ လဲကျသွားတော့သည်။ စဥ်းစားမနေပဲအနားအမြန်သွားကာ ကားငှား၍နီးစပ်ရာဆေးခန်းသို့ဝင်သွားလိုက်တော့သည်။

...........................

ဒီအပိုင်းရေးရတာစိတ်ကိုလုံးဝမပါ။
အဲ့တာကြောင့်အပိုင်းတိုသွားရင် ခေါ်ထို့ခ🙏
ဝေဖန် ပေး ကြ ပါဦးနော် အားလေးရှိအောင်
ကျန်းမာရေးအထူးဂရုစိုက်ကြပါ။

ချစ်သောရိုမာ

DateWhere stories live. Discover now