Extra🖤🖤

2.8K 79 5
                                    

*ဧည့်သည်*

နားထဲတွင်ကလေးတစ်ယောက်အသံခပ်စူးစူးကြားနေရသည်။မျက်လုံးမဖွင့်သေးပဲ ဖြစ်ပျက်ခဲ့သမျှပြန်တွေးပြီးသည်နှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကြမ်းပြင်မှာထိုင်ပြီးဂိမ်းဆော့နေသောကောင်လေးတစ်ယောက် ခုန ကခပ်စူးစူးအသံမှာသူ့ဆီကပေါ့။ထိုကောင်လေးကိုသေချာစိုက်ကြည့်နေတုန်းကိုယ့်ဘက်လာကြည့်လာသောမျက်လုံးဝိုင်းလေးတစ်စုံ ထို့နောက်အခန်းပြင်ကိုပြေးထွက်သွားလေသည်။သိပ်မကြာလိုက်အခန်းထဲသို့ထိုကောင်လေးနှင့်အတူ လူလတ်ပိုင်းအရွယ်လူတစ်ယောက်ပါလာသည်။

"ကလေး..မင်းသတိရလာပြီလား..ဘယ်လိုနေသေးလဲ..သက်သာရဲ့လားခေါင်းမူးတာတွေရောရှိသေးလား"

"အဆင်ပြေပါတယ်.."

ယိမ်းအခန်းထဲတွင်အထည်စာရင်းတွေပြန်ကြည့်နေတုန်း အပြေးဝင်လာတဲ့သားငယ်ကြောင့် ရင်ထဲထိတ်ခနဲ ပြီးမှဟိုကလေးနိုးလာပြီဆိုမှသက်ပြင်းချကာ သားနဲ့အတူလိုက်လာခဲ့သည်။ကိုယ်ကသာစိတ်ပူပြီးမေးခွန်းများစွာမေးနေတာ ထိုကောင်လေးမှစကား လုံးငါးလုံးသာပြန်ရလိုက်သည်။ သားကိုအခန်းထဲခနထားခဲ့ပြီး မောင်နဲ့တိတမ်တိုက်တို့ကိုဖုန်းဆက်ခေါ်ဖို့အခန်းပြင်ထွက်လာခဲ့သည်။

"ကိုကို..ကိုကိုနာမည်ကဘာလဲဟင်..သားထက်ကြီးမယ်ထင်တယ်..ကိုကိုကဘယ်မှာနေတာလဲ..ဘာလို့ဒဏ်ရာတွေရလာတာလဲ.သားတို့နဲ့အတူတူနေမှာလားဟင်..ကိုကို.. "

ဘေးမှစကားလာများနေသောအကောင်ပေါက်ကြောင့်ခေါင်းထဲကိုက်ခဲလာရသည်။
သက်ပြင်းချကာ ပြတင်းပေါက်ဆီမျက်နှာမူနေလိုက်ချိန်အခန်းထဲဝင်လာသောလူကြီးများကြောင့် ခန္ဓာကိုယ်ကိုခပ်မတ်မတ်ပြန်နေလိုက်ပြီး ရိုသေသမှုဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

"ကောင်လေးမင်းသတိရပြီဆိုတော့..ဦးတို့ဘာလုပ်ပေးရမလဲ.."

စူးရှထက်ဇော်ကအကြီးပီပီစကားကိုအဆင် ပြေအောင်ကြည့်ပြောလိုက်သည်။ကောင်လေးပုံစံကခပ်အေးအေးပင် မျက်နှာထက်တွင်ပကတိ တည်ကြည်နေ၏။အရွယ်နှင့်မလိုက်အောင်တည်ငြိမ်ရင့်ကျက်နေသည်။
တော်ရုံအသိုင်းဝိုင်းကမဟုတ်တာတော့အကုန်လုံးသတိထားမိကြပါသည်။

DateWhere stories live. Discover now