အပိုင်း(၂)

5.3K 210 1
                                    

အပိုင်း(၂)

"တောက်!!!ဧကရီ...."

ဦးရာဇာတစ်ယောက်ကုတင်ဘေးရှိခုံပေါ်က
စာတစ်စောင်ကြောင့်မနက်စောစောစီးစီးဒေါသစိတ်တို့ထိန်းမရဖြစ်ကာအခန်းတစ်ခန်းသို့ချက်ချင်းဝင်ပြီးနောက်။

"လေယူရာယိမ်း...ဟေ့ကောင်..ထစမ်း.
ဂြိုလ်ကောင် ကောင်းကျိုးမပေးတဲ့ကောင်"

"....."

"ဘာမှမသိတဲ့မျက်လုံးတွေနဲ့လာကြည့်မနေနဲ့
မင်းအမေဆိုတဲ့မိန်းမကပိုက်ဆံတွေယူသွား
ပြီးမင်းကိုကြတော့ထားခဲ့တယ်....တောက်"

ဒေါ်သောင်းဆူညံသံများကြောင့်အိမ်ပေါ်သို့စိုးရိမ်တကြီးတက်လာပြီးယိမ်းအခန်းထဲသို့ဝင်စဥ် သခင်ကြီးကဒေါသကြီးစွာအခန်းထဲကထွက်လာတာတွေ့လိုက်မိတာကြောင့်
အခန်းထဲကိုအမြန်ဝင်ကာယိမ်းလေးအား
ကြည့်လိုက်မိသည်။

ကုတင်ပေါ်တွင်အိပ်ချင်မူးတူးပုံလေးနှင့်ထိုင်နေသောယိမ်း အရှေ့တွင်လုံးချေထားသောစာရွက်လေးတစ်ရွက် ချက်ချင်းယူကာဖတ်
ကြည့်လိုက်တော့သည်။

       'ဦးရာဇာ ရှင်ကကျွန်မကိုငတုံးများ
      မှတ်နေလား .. ပိုက်ဆံလေးတစ်ဝက်                   လောက်နဲ့ကျွန်မက အဲ့ကလေးနဲ့
ထွက်သွားစရာလား....ရီရတယ်
ကျွန်မကတော့ရှင်းရှင်းပဲ အဲ့ကလေးကို
မလိုချင်လို့ထားခဲ့တာ ရှင်လဲမခေါ်ထားချင်ရင် မိဘမဲ့ကျောင်းကိုပို့လိုက်ပေါ့ရှင် ..
ကျွန်မကွာရှင်းစာချုပ်မှာလက်မှတ်ထိုးထားတယ် ရှင့်ရှေ့နေခေါ်ပြီးကျန်တာဆက်လုပ်
လိုက် ပေါ့...နှုတ်ဆက် ခဲ့ ပါ တယ် ရှင်'

ဒေါ်သောင်းစာဖတ်ပြီးယိမ်းလေးအားကြည့်မိတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်နေတာကြောင့် ရင်ထဲမကောင်း ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကိုများလုပ်ရက်လိုက်တာ

ဦးရာဇာ မိသားစုရှေ့နေနှင့်အိမ်ထဲဝင်လာသောကြောင့်ဒေါ်သောင်း ယိမ်း လက်ကလေး
တွဲပြီးတံခါးနားလေးကသာကြည့်နေလိုက်သည်။

"ကိုတင်မောင် ကျွန်တော်တို့အိမ်ထောင်ရေးခင်ဗျားလည်းသိပါတယ် အခုဒီကွာရှင်းစာချုပ်ကိုတရားဝင်လုပ်ပေးပါ ပြီး တော့
လေယူရာယိမ်းကိုမိဘမဲ့ဂေဟာတစ်ခုကိုပို့ပေးပါ"

DateWhere stories live. Discover now