အပိုင်း(၁၀)

3.6K 153 4
                                    

အပိုင်း(၁၀)

"ဝုန်းးးး"

ခုံပေါ်အတင်းတွန်းချလိုက်တာကြောင့် ကျောပင်အောင့်သွားရတော့သည်။

"ဟဲ့ ဟဲ့ ...ဘာဖြစ်လာကြတာလဲ.
ရက်စွဲထင်စေ!!မင်း သားယိမ်းကိုဘာလိုလုပ်လိုက်တာလဲ ဟမ်"

"မေမေခနလေး နေပေးပါ...ခင်ဗျားပြော..
ဘယ်သူမို့လို့  အိမ်ပေါ်ထိတက်ပြီး ခင်ဗျားကိုစော်ကားရဲရတာလဲ..ခြံတံခါးတောင်ဖွင့်ပေးမှတော့ခင်ဗျားလဲ အလိုတူနေတာလား"

"ဘာ မင်း! မင်းနဲ့ဘာဆိုင်လို့လဲငါ့ဘာသာငါအလိုတူတူ အတူတူ..တီလေးက ငါ့ကိုကူညီစောင့်ရှောက်ပေးပါဆိုတာနဲ့ ငါ့အုပ်ထိန်းသူလိုလာလုပ်မနေနဲ့ရက်စွဲထင်စေ"

"သား...ယိမ်းလေးဘာတွေဖြစ်နေကြတာလဲကွယ်..မေယုကိုပြောပါဦး"

"ခုန..ခုနက ကိုကိုလေးလာပြီး ယိမ်းကို..ယိမ်းကို..ဟင့် ...မေယုကို အားနာပေမယ့် ယိမ်းကိုခွင့်ပြုပါဦး"

"ခင်ဗျား ပြောချင်တာပြောပြီး ဘယ်သွားမလို့လဲ"

"လွှတ်စမ်းငါ့လက်ကို ...မင်းနဲ့ငါကဘာမှမဆိုင်ဘူး ငါ့ကိုစော်ကားတဲ့စကားမျိုးလာမပြောနဲ့ မေယုမျက်နှာနဲ့မို့ ငါသည်းခံနေတာအခုလွှတ်ငါ့လက်ကို"

"ရက်စွဲ သားယိမ်းလက်ကိုလွှတ်ပေးလိုက်
မေမေပြောနေတယ်လွှတ်ပေးလိုက်"

ထွက်သွားတဲ့ ကျောပြင်သေးသေးလေးကို
ကြည့်ပြီး စိတ်ကဘာတစ်ခုမှအလိုမကျတော့ချေ။
ငါကရောဘာလို့အဲ့လောက်စိတ်တိုနေရတာလဲ...မသိတော့ဘူးကွာ xီးပဲ။

"သား မေမေနဲ့စကားပြောရအောင်.."

"...."

မေမေ နဲ့ စကားပြောပြီး အခန်းထဲသာဝင်လာကာ ကုတင်ပေါ်ပစ်လှဲလိုက်တော့သည်။
သူ့အကြောင်းတစ်ချို့တစ်ဝက်သိသွားရတာ
ကြောင့် ကိုယ်ပြောလိုက်တာ လွန်သွားမှန်းသိ
သည်။
ဟာကွာ ငါကရောဘာကြောင့် သူနဲ့ပတ်သတ်ရင်စိတ်မထိန်းနိုင်ရတာလဲ!အေး သေလိုက်တော့ ရက်စွဲထင်စေ ရေ။

****

"အဲ့တာနဲ့မင်းဒီကိုရောက်ချလာတယ် ဆိုပါတော့ ငါမေးဦးမယ် ရက်စွဲမင်းအဲ့အကို ကို ကြိုက် နေ တာ လား"

DateWhere stories live. Discover now