အပိုင်း(၁၆)

3.4K 211 5
                                    

အပိုင်း(၁၆)

"ဟင်...."

မျက်လုံးပြူးပြီးကြည့်လာတဲ့သူကြောင့်
အသဲယားကာ ခပ်ဟဟနှုတ်ခမ်းလေးကို
တစ်ချက်ဖိကပ်နမ်းလိုက်သည်။

"ဟုတ်တယ် ကျွန်တော့်ကိုရော ယိမ်းဘယ်လိုသဘောထားလဲဟင်"

"အို!!ယိမ်းမသိဘူး...ဖယ် ..သွားတော့မယ်"

ချောင်ပိတ်မေးနေတဲ့သူကို အတင်းတွန်းဖယ်ရင်း အခန်းထဲပြေးဝင်ကာ တံခါးလော့ချလိုက်တော့သည်။

'ဟူး....ဆိုးလိုက်တာ သူသိပ်ဆိုးတယ်
ငါ့ရင်ခုန်သံတွေသူကြားသွားပြီလား တောင်မသိ'

တီလေး ပြန်ရောက်တော့ မေယုကိုလက်ဆောင်တွေပေးရင် ကိုယ်လဲအခန်းထဲ
မှ အဝတ်များယူကာ အိမ်သို့ပြန်လာလိုက်သည်။

တီလေး လဲခရီးကပြန်လာခါစ ဆိုတော့ ..
ပင်ပန်းမှာစိုးလို့ ကိုယ်ပဲဆိုင်သွားလိုက်တော့သည်။

..............
Time skip

မရောက်တာကြာနေလို့ဆိုကာဖုန်းဆက်လာတဲ့ချစ်သူငယ်ချင်းကြောင့် မျက်နှာတော်သွားပြရသေးသည်။သူ့နဲ့အကြောင်းလဲပြောချင်တာနဲ့ bar မှာသာဆုံလိုက်ကြသည်။

barလဲဖွင့်သာထားတယ်တစ်ခါမှမရောက်ဖြစ်ပေ။ မနက်ပိုင်းလူမရှိတာကြောင့် အေးအေးဆေးဆေး ပင်။

"အဲ့တော့မင်းက သူ့ကိုဖွင့်ပြောလိုက်ပြီပေါ့
မင်းဘက်ကသေချာသွားပြီလား သေချာစဥ်းစားပြီးပြီလား"

"ဟ!!မင်းပဲအရမ်းတွေတွန်းပို့..အခုကျတော့လဲဘာဖြစ်ရပြန်တာလဲ"

"မပြောလို့ရမလားကွ.မင်းမှာရောင်စဥ်ရှိသေးတယ်လေ..လှေလှံနှစ်ဖက်နင်းမလို့လား
မင်းအခုဖွင့်ပြောထားတာယောကျာ်းလေးနော်"

"ငါညက ရောင်စဥ်ကိုဖြတ်လိုက်ပြီ"

"ဟမ်...မင်းဘက်ကသေချာရင်လဲ.ဆက်လုပ်ပေါ့ ငါကနှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာဖြစ်မှာ စိုးလို့ပြောတာ"

"မတွေ့တာ၁ပတ်တောင်ရှိနေပြီ ဘာတွေအလုပ်ရှုပ်နေလဲမသိဘူး..အိမ်ဘက်ကိုမလာဘူးကွာ..ဖုန်းတောင် ငါ၃ခါခေါ်မှ၁ခါကိုင်တာ"

DateWhere stories live. Discover now