အပိုင်း(၂၃)

2.9K 116 0
                                    

အပိုင်း(၂၃)

ဆောင်းတွင်းရောက်ခါနီးမို့အေးစပြုလာလေသည်။ရက်ကွက်ကအရင်ထဲကဆူဆူပူပူမရှိတာကြောင့် အခုလိုချိန်ဆိုဘာသံမှတောင်မကြားရချေ။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့်မောင်ပြန်လာတာတော့မဟုတ်လောက်ဘူးထင်နေသည်။မေယုများလား။

"ဟင်....တီလေး ဒီအချိန်ကြီးဘယ်လိုဖြစ်လို့"

"သားယိမ်း မင်းဖေဖေမူးလဲသွားလို့တဲ့...သတိရတော့လေတစ်ခြမ်းဖြတ်နေလေရဲ့တဲ့ကွယ်...အဲ့တာတီလေးမနက်ဖြန်ရန်ကုန်ဆင်းမလို့သားရောလိုက်ချင်မလားလာမေးတာပါ"

"ဟင်...ယိမ်းလိုက်မယ်တီလေးမောင်ပြန်လာရင်ပြောပြပြီးသားလိုက်ခဲ့ပါ့မယ်"

"အေးပါကွယ်...ခင်ပွန်းမကြည်ဖြူရင်မလိုက်နဲ့နော် ကိုယ်ကအိမ်ထောင်သည်ဖြစ်နေပြီလေ"

"ဟုတ်..တီလေး"

တီလေးပြန်သွားတော့ကုတင်ပေါ် အားပျက်စွာထိုင်ချမိသည်။ဘာပဲဖြစ်ဖြစ်အဖေပဲလေ။

"ယိမ်း...ယိမ်း....ဟော!ဘာတွေတွေးနေလို့မောင်ခေါ်နေတာတောင်မကြားရတာတုန်း..
ယိမ်း..."

"ဟင်...မောင်ဘယ်တုန်းကပြန်ရောက်တာလဲ"

"နဲနဲလေးကြာပြီ..ဘာတွေတွေးနေလို့မောင်ခေါ်နေတာတောင်မကြားရတာတုန်းကွ မောင့်ယိမ်းရဲ့"

"မောင် မနက်ဖြန်ယိမ်းရန်ကုန်ပြန်ရမယ်ဖေဖေလေဖြတ်လို့တဲ့"

ခွင့်တောင်းခြင်း မဟုတ်ပဲ အသိပေးခြင်းသဘော ဖြင့်ပြောလိုက်သည်။မောင်ကခနငြိမ်သွားပြီးမှ။

"ဘယ်သူနဲ့လဲယိမ်း..ကြာမှာလားမောင်ကမနက်ဖြန် meetingရှိလို့ဖိုးဖိုးအသိလေအရေးကြီးလို့မောင်လိုက်မပို့နိုင်လို့မေးကြည့်တာ"

"တီလေးနဲ့သွားမှာ....ဟိုမှာကိုကိုလေးကလဲသူ့စီးပွားရေးနဲ့သူဆိုတော့ဖေဖေ့company
ကိုဘယ်လိုလုပ်မလဲမသိဘူး"

"အော်..companyဆိုလို့ ယိမ်းဖေဖေအရင်တစ်ပတ်ကသူတို့companyကဆောက်လုပ်ရေးပိုင်းတာဝန်ယူဖို့လာပြောလို့မောင်လက်ခံလိုက်သေးတယ်..နောက်တစ်လလောက် ဆို
သူတို့နဲ့ဆွေးနွေးပြီးအလုပ်တွဲလုပ်တော့မှာ
အခုသူကအခုလိုဖြစ်တော့ဘယ်လိုလုပ်မလဲ
မောင့်ဘက်ကတစ်ခြားငှားလို့ရပေမယ့် ယိမ်း နဲ့ပတ်သတ်တဲ့သူဆိုတော့မောင်ဆုံးဖြတ်ရခက်သွားပြီ"

DateWhere stories live. Discover now