အပိုင်း(၂၉)

3.1K 108 2
                                    

အပိုင်း(၂၉)

"ယိမ်းရေ မောင်အောက်ကနေစောင့်နေမယ်နော်"

"အင်း...ပြီးရင် ဆင်းလာခဲ့မယ်"

တိမ်တိုက်တို့မနက်ပိုင်းပွဲပြီးတော့dinnerပွဲတက်ဖို့ပြင်နေကြခြင်းပင်။ဘာပဲဖြစ်ဖြစ်ကိုယ့်သူငယ်ချင်းကြီးမဂ်လာဆောင်သွားပြီဆိုတော့လဲစိတ်ချရပါပြီ။မဟုတ်ရင်ဒီကခြေငြိမ်ဦးမှာမဟုတ်။

ကိုစူးရှထက်ဇော်ကစီးပွားရေးမှာရောလူမှုရေးမှာပါအဆင်ပြေသူမို့သူ့ပွဲတွင်လူများတာမဆန်းပေ။company နဲ့လက်တွဲလုပ်ကိုင်နေဆဲမို့အလုပ်လုပ်တဲ့နေရာမှာအလွန်ပြတ်
သားတိကျသူမို့သူ့companyနဲ့လုပ်ကိုင်ရတာအဆင်ပြေပါသည်။

"မောင်..သွားမယ်လေ"

"အင်း.."

ယိမ်းရောက်တော့မှအတွေးဖြတ်ကာထွက်လာကြတော့သည်။ဘေးကဗိုက်ကလေးနဲ့
လူကြီးပေါက်စလေးကိုကြည့်ပြီးအသဲယားမိသေး။အခုတလောအသက်ရှုသိပ်မဝတာကြေင့်ပေါ့ပေါ့ပါးပါးသာဝတ်ချင်သည်ဆိုတာကြောင့်စိတ်တိုင်းကျဝတ်ခွင့်ပေးလိုက်သည်။

အပေါ်ရောအောက်ပါအဖြူရောင်ဝမ်းဆက်
နှင့်coat အနက်ရောင်မှာပနာသင့်လှပါသည်။
ကိုယ်ကတော့ခဲရောင်ကြိုက်သူမို့ခဲရောင်အများဆုံးပါသည့်ဝတ်စုံသာဝတ်ခဲ့လိုက်သည်။

ပွဲရောက်တော့တိမ်တိုက်တို့နဲ့စကားခနပြောပြီးဝိုင်းမှာပြန်ထိုင်ကာစားသောက်လိုက်ကြသည်။ဧည့်သည်များတာကြောင့်ကိုယ့်တောင်
သေချာစကားမပြောနိုင်လိုက်ဧည့်ခံနေရသည်။ခနအကြာ

"မောင် ပြန်ကြမလား ယိမ်းအသက်ရှုသိပ်မဝတော့လို့"

"ဟင် အင်းအင်း ခနနော်မောင်သွားနှုတ်ဆက်လိုက်ဦးမယ်ခနလေး"

အကျိုးအကြောင်းပြောပြပြီးပြန်လာခဲ့လိုက်ကြသည်။အခုနောက်ပိုင်းအသက်ရှုရခက်တယ်ပြောပြောနေတဲ့သူကြောင့်အိမ်မှာအကုန်လုံးကဝိုင်းဂရုစိုက်ပေးနေရသည်။

အိမ်ပြန်ရောက်တော့ခြေလက်သန့်စင်ပြီး
အိပ်စက်လိုက်ကြသည်။မနက်ရောညပါပွဲတက်ပြီးတွေ့သမျှလူနဲ့မိတ်ဆက်ပေးနေတာကြောင့်လူပင်ပန်းနေပြီမိုးနားလိုက်ကြသည်။

DateWhere stories live. Discover now