အပိုင်း(၁၁)

3.4K 160 2
                                    

အပိုင်း(၁၁)

"ဟဲ့ ရောင်စဥ်ညကျရင် barဖွင့်ပွဲသွားကြမယ်"

"အမ်! အေးသွားလေ ငါလဲပျင်းနေတာ"

"အေး barပိုင်ရှင်လေးတွေကလုံးဝအမိုက်စားနော် ဟွန်းး"

" OK !

ဖွင့်ပွဲအတွက်ဝတ်စုံရွေးပြီးတာနဲ့ဟိုဘက်ခြံကိုကူးသွားလိုက်သည်။ နေ့တိုင်းအကြိုအပို့လုပ်ပေးနေတာကြောင့် စကား ပြန်ပြော လာ ပြီး
ပုံမှန်အတိုင်း ဖြစ် သွား တော့ သည်။

"တီလေးယဥ်ဆိုင်ပိတ်တာလား ဒီနေ့.."

"အေးလေသားရဲ့ ယိမ်းဆီလာတာလား"

"ဟုတ်...ကိုလေယူရာယိမ်း ရှိ လား"

"ရှိ တယ် တီလေးသွားခေါ်ပေးမယ်ခနနော်"

ခြေသံကြားလို့မော့ကြည့်လိုက်တော့ ဒူးအတိ
ပိတောက်ခြောက်ရောင်လေးနဲ့ တီရှပ်အမဲရောင်ပွပွလေး တွဲဝတ်ထားတာကြောင့် အသားဖြုသည့်သူကိုပို၍ ထင်းနေစေသည်။

"ဘာကိစ္စရှိလို့လဲ ရက်စွဲ ...ဒီနေ့ငါတို့ဆိုင်ပိတ်တယ်လေ"

"သိပါတယ်ဗျာ...ဟို...ညကျရင် ကျွန်တော်တို့ bar ဖွင့်ပွဲလေအဲ့တာလိုက်မလား လိုက်ချင်ရင် ကျွန်တော်လာခေါ်ပေးမလို့"

"ညကျရင်....တီလေးနဲ့ငါ့ကို သူ့မိတ်ဆွေကပွဲကိုဖိတ်ထားတာသွားရမှာ မင်းစောစောလာပြောရင်တောင် ငါငြင်းလိုက်လို့ရသေးတယ်အခုက မကောင်းဘူးလေ"

"ရပါတယ်ဗျာ ဒါဆို ကျွန်တော် ပြန် တော့ မယ်"

Bar ထဲတွင်လူများနေလေ၏။ဖွင့်ပွဲမှာ ဒီလောက်လူများနေရင် မဆိုးပါဘူးလေ။

"ဟဲ့..ရောင်စဥ်ကြည့်လှချည်လား မျက်လုံးလဲသူ့မျက်နှာမှာ သွားကပ်နေပါဦးမယ်"

"နင်သူ့ကိုသိလား..."

"ဒီbar. ကသူတို့၂ယောက် စပ်တူဖွင့်ထားတာလေ...အဖြူရောင်လေးက တိမ်တိုက်တဲ့
sha company ရဲ့CEOနဲ့စေ့စပ်ထားတဲ့သူ..
ခဲရောင်လေးက ရက်စွဲထင်စေတဲ့ mine
Company ကြီးကသူ့အပိုင်ဖြစ်လာမှာ အခုတော့သူစိတ်မပါလို့ မလုပ်သေးဘူးတဲ့လေ
သူတို့၂ယောက်အရမ်းရှုပ်တာ တွဲရင်လဲ၁လ
မပြည့်ဘူးဟ"

DateWhere stories live. Discover now