အပိုင်း(၂၇)

3.1K 121 1
                                    

အပိုင်း(၂၇)

"ဟင်...သား..ယိမ်းသတိရပြီလား"

"ဟုတ်...ဒါ နဲ့ ယိမ်း ဘာ ဖြစ် တာ လဲ"

"ကဲမြယဥ်ရေ..ညီမလေးပဲပြောပြလိုက်တော့..ဟင်းးဟင်းး"

"သားယိမ်း...အခုသားမှာကိုယ်ဝန်၃ပတ်ရှိနေပြီတဲ့"

"ဟင်...ကိုယ်...ကိုယ်ဝန်"

"ဟုတ်တယ်အဲ့တာအခုတီလေးတို့သားရက်စွဲကိုခေါ်ထားတယ်သူလဲဝမ်းသာအောင်လို့"

ကိုယ်ဝန်တဲ့လား။ကိုယ်ဝန်ရှိနေပြီတဲ့လား။
ယိမ်းတို့နှစ်ယောက်ရဲ့သွေးသားလေးတဲ့လား။

"ဟို တီလေးနဲ့မေယု ယိမ်းတစ်ခုလောက်ပြောချင်လို့..ဒီကိစ္စ မောင့်ကိုမပြောပါနဲ့ဦး..နောက်လမောင့်မွေးနေ့ကျမှမွေးနေ့လက်ဆောင်အဖြစ်ပြောပြချင်လို့"

"ဟော...မြယဥ်ရေအခုခေတ်ကလေးတွေများဘာတွေမှန်းကိုမသိဘူး..ကဲပါသားယိမ်းသဘောဟုတ်ပြီလား ...လို မှာ ပြန် လာ နေ ပြီ
ကိုယ့်ဘာသာကြည့်ပြောတော့လာမြယဥ်အောက်သွားရအောင်"

တီလေးနဲ့မေယုထွင်သွားတော့အခန်းထဲအလောတကြီးဝင်လာတဲ့မောင့်ကြောင့်ပြုံးပြလိုက်သည်။မမလေးပြောခဲ့တာတွေကိုစိတ်ထဲမထည့်ချင်တော့။အခုကိုယ့်မှာမောင့်ရင်သွေးလေးရဇိနေပြီဆိုတဲ့အသိသာကြီးစိုးနေလေသည်။

"ယိမ်း...ဘာဖြစ်တာလဲ သက်သာလား
ဆေးရုံသွားမလား..မောင် ဘာ လုပ် ပေးရမလဲ...ဟင်"

"အားနည်းလို့မူးလဲသွားတာပါမောင်ရယ် ဘာမှမဖြစ်ဘူးသက်သာတယ်ဟုတ်ပြီလား"

"တကယ်သက်သာလို့လားယိမ်းရယ်.. မျက်နှာလေးကလဲသွေးမရှိသလိုပဲ.."

"တကယ် သက်သာပါတယ်ဆို..ကဲသွားခနနားပြီးရေချိုး"

"အင်း...အဲ့တာဆို၁ပတ်လောက်တော့ဆိုင်မသွားနဲ့ကွာ..အိမ်မှာနားနေဦး.."

"အင်း..အင်း...သဘောသဘော"

"လာပါဦး နမ်းချင်လို့စကားတွေအရမ်းနား ထောင်နေတဲ့မောင့်ယိမ်းလေးကို...မွမွမွ"

"မောင်နော်..လူကိုများသူ့အငယ်များမှတ်နေလားမသိဘူး..မင်းထက်၄နှစ်တောင်ကြီးတယ်ဆိုတာသတိရဦး"

DateWhere stories live. Discover now