အပိုင်း(၉)

3.4K 138 2
                                    

အပိုင်း(၉)

"ဆိုင် မှာလိုအပ်တာတွေ ဦးကသူအကုန်စီစဥ်ပေးမယ်တဲ့ မင်းသဘောတူလား"

"မတူစရာမရှိပါဘူး ..ဘာမှမလုပ်ရတော့သက်သာတာပေါ့"

"ဒါနဲ့တိမ်တိုက် မင်းဘဲကြီးနဲ့မင်းမယူသေးဘူးလား တွဲနေတာလဲ၃နှစ်လောက်ရှိနေပြီ"

"ဘဲကြီး ဘဲကြီးနဲ့ မင်းကိုအဲ့လိုမခေါ်ဖို့ပြောထား တယ်လေနာမည်ရှိတယ် ..
ဦးစူးရှထက်ဇော် ...ဦးကလက်ထပ်ချင်နေပြီတဲ့ ငါကလွတ်လွတ်လပ်လပ်နေချင်သေးလို့"

အရှေ့မှလင်အကြောင်းဂုဏ်ဆာနေတဲ့ကောင်
ကြောင့် ဘာတစ်ခုမှဆက်မပြောပဲဂိမ်းသာ
ဆော့နေ လိုက် တော့ သည်။

ဆိုင်မသွားဖြစ်တာ၃ရက်လောက်ရှိပြီမို့ ရေချိုးပြီး ဂျင်းပျော့အပြာရောင်ဘောင်းဘီရှည်နှင့်အဖြူရောင်တီရှပ်လေးဝတ်ကာ taxiဂိတ်ကိုလျှောက်လာခဲ့သည်။

"ဟေ့ကောင်တွေအရှေ့မှာ ဖြူဖြူဖွေးဖွေးလေးနဲ့ချစ်စရာလေးကွာ အသားလေးတွေများထိလိုက်ရင်စိမ့်နေမှာပဲ"

"မင်းကြိုက်လို့လား ကြိုက်ရင်လိုက်ကွာစကားများတယ်"

ယိမ်းတစ်ယောက်အနောက်ကအသံများကြောင့် လန့်နေပေမယ့်နေ့ခင်းပိုင်းမို့သူတို့ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး အားတင်းကာခြေလှမ်းသွက်လိုက်တော့သည်။

ထိုစဥ်အနောက်ဘက်မှကျော်ကာ အရှေ့သို့လာပိတ်ရပ်နေသော လူ၂ယောက်ကြောင့်
ယိမ်းနောက်လှည့်ပြန်ပြေးရမလား မသိချင်ယောင်ဆောင်ရမလား တွေဝေနေတုန်း ဘေးသို့ကားခဲရောင်တစ်စီး လာရပ်လိုက်တာ
ကြောင့် ယိမ်းစိတ်ထဲပျော်သွားသလိုပင်။

"ကိုလေယူရာယိမ်း တက် ကျွန်တော်လိုက်ပို့မယ်"

"....."

"မင်းတို့ကဘာကြည့်တာလဲ..မကျေနပ်ဘူးလား မကျေနပ်လဲxီးပဲနော်"

"ရက်စွဲရယ် သူတို့လဲဘာမှမပြောပါဘူး လာ
သွားကြမယ်"

ကိုယ့်ကြောင့်ရန်မဖြစ်ချင်တာကြောင့် ကားပေါ်အမြန်တက်ခါမောင်းခိုင်းရတော့သည်။

ဆိုင်ထဲရောက်တော့ကျေးဇူးရှင်ကအရင် တီလေးကိုသွားပြောလေရဲ့..တီလေးကတော့နောက်ဆိုင်ကိုမလာတော့ဖို့ပြောတာကြောင့်
ယိမ်းနဲ့တီလေးငြင်းခုံနေရတော့သည်။

DateWhere stories live. Discover now