အပိုင်း(၆)

3.9K 176 7
                                    

အပိုင်း(၆)

"ဒီကညီလေးက လူနာနဲ့ဘာတော်လဲ"

"ဟို ..ကျွန်တော့်အဒေါ်ပါ ဘာဖြစ်တာလဲမသိ
ဘူး"

"အော် အရမ်းစိုးရိမ်စရာတော့မရှိပါဘူး..
လူနာကသွေးတိုးရှိတော့လေ နေပူတာကြောင့်
ဖြစ်သွားတာပါ မည့် တာ တွေ တော့ မြေ ပေး
ပါ နဲ့ဂရုစိုက်ပေးပါ.."

ယိမ်းတို့လဲဆေးခန်းကပြန်ထွက်လာကာ
ဘေးမှအန်တီလိပ်စာကိုမေးကြည့်တော့ယိမ်း
တို့နေတာလမ်းတူတာကြောင့် ကားငှားကာ
အတူတူ ပြန် လာခဲ့ကြသည်။

တစ်ယောက်ထဲလဲယိမ်းပြန်မလွတ်နိုင်ပါချေ။
လမ်းတူတော့ပိုအဆင်ပြေသွားရသည်။သေချာကြည့်မိတော့မှ အသားဖြူဖြူ ကိုယ်လုံးကိုယ်ပေါက် လှလှနှင့် မျက်နှာတွင်အေးချမ်းသောသဘောဆောင်နေလေ၏။
အသက်၄၅ကျော်လောက်ရှိလောက်သေးသည်။

"ဟို...သားလေးကိုအန်တီကျေးဇူးတင်ပါတယ် ကွယ်"

"ရပါတယ် ယိမ်းလဲကြုံကြိုက်လို့ကူညီခွင့်ရ
တာ ပါ "

"ယိမ်း တဲ့လားနာမည်လေး က အန်တီနာမည်က ဒေါ်ယုယလွင်ပါ အန်တီမှာသားလေးတစ်ယောက်ရှိတယ် ဒါပေမယ့် အိမ်မှာသိပ်မမြဲပါဘူးကွယ် ယိမ်းလေးကိုသာ သားတော်ထား ချင်တယ်  ရုပ်ကလေးကလဲချစ်စရာကောင်း
စိတ်ထားလေးကလဲကောင်း သမီးရှိရင်
တကယ်ပေးစားလိုက်မှာ  ဟင်းးး"

"အို!!!ယိမ်းနာမည်က လေယူရာယိမ်းပါ"

အန်တီရဲ့သူ့သားဆိုးတာတွေနားထောင်ရင်း
ကားရပ်သွားသောကြောင့်စကားစပြတ်သွားကြတော့သည်။

"ဟင်....အန်တီကဒီခြံကလား..."

"ဟုတ်တယ်လေ သားရဲ့ ဘာဖြစ်လို့လဲ..
အိမ်ထဲဝင်ပါဦးလား လမ်းတူတယ်သာဆို တယ် သားအိမ်ကဘယ်နားလေးမှာလဲ မမေးရသေးဘူး"

"ဟို....ယိမ်းအိမ်ကဟိုခြံပါအန်တီ "

ကိုယ့်ခြံနဲ့ဘေးချင်းကပ်ရပ်မို့ အံ့သြနေမိတော့သည်။အန်တီလဲထိုနည်းတူပင်။

"ဟယ် မြယဥ်တို့ခြံကလား သားကိုတစ်ခါမှမမြင်ဖူးပါဘူးကွယ်"

"ဟုတ် တီလေးမြယဥ်ရဲ့တူပါ ရန်ကုန်ကနေဒီမှာလာနေတာပါဗျ တစ်ပတ်လောက်ပဲရှိသေးတာမို့အန်တီသတိမထားမိတာလဲဖြစ်မှာပါ"

DateWhere stories live. Discover now