အပိုင်း(၁၃)

3.3K 168 3
                                    

အပိုင်း(၁၃)

"မေယု..ယိမ်းဘာကူလုပ်ပေးရမလဲ.."

"ရပါတယ်ရှင် ဘာမှမလိုတော့ပါဘူး..ဆိုင်သွားမှာမလား သားယိမ်းပြင်ဆင်ပြီး ဆင်းလာခဲ့လေမနက်စာစားရအောင်"

ခေါင်းညိမ့်ပြကာ ရေမိုးချိုးပြင်ဆင်းပြီးဆင်းလာလိုက်သည်။ထမင်းစားခန်းထဲရောက်တော့ 'သူပါနိုးနေတာလား ပြင်ဆင်ပြီးဘယ်သွားမလို့လဲမသိ'

"သားယိမ်းလာလေ ဘာရပ်လုပ်နေတာလဲဒီမှာသားငယ်က သူအပြင်သွားရင်းနဲ့သားကိုတစ်ခါထဲ ဝင်ပို့ပေးခဲ့မယ်တဲ့"

"ဟုတ်..မနက်ပိုင်းဆိုင်သိပ်မထိုင်ဖူးတော့
နောက်ကျရင် မပုတစ်ယောက်ထဲမို့လို့
နဲနဲ စောစောသွားမလို့လေ တကူးတကဆိုမပို့ပေးလဲရပါတယ်"

"တိမါတိုက် ဆီသွားရင်းလမ်းကြုံလို့ပါ
အရင်ကလဲ နေ့ခင်းပိုင်းတွေလိုက်ပို့တာပဲကို
အခု မှ အထူးအဆန်း လုပ်"

"ဟဲ့သားငယ် ကိုယ့်အကို ကိုဘယ်လိုတွေပြောနေတာလဲ"

မေယုဟန့်လိုက်မှဘာမှမပြောတော့ဘဲမျက်စာသာငုံစားနေလေရဲ့။

မေမေကလဲဘယ်သူက သူ့ကိုအကိုတော်ချင်တယ်ပြောမိလို့လဲမသိဘူး နားကိုမလည် တော့ ဘူး!!

ဆိုင်ရှေ့ချပေးခါ မောင်းထွက်သွားသူကို
ကြည့်ပြီး သက်ပြင်းချကာ ဆိုင်ထဲဝင်လာလိုက်သည်။

"မနက် စောစောစီးစီး  လဒနွားခွေ့ထားတဲ့ရုပ်နဲ့ ဘာဖြစ်လာတာလဲ မင်းရဲ့ရောင်စဥ်လေးနဲ့အဆင်မပြေဘူးလား"

"ဘာမှမဖြစ်ပါဘူးကွာ..ပြီးတော့ဘာကို မင်းရဲ့ရောင်စဥ်လဲငါကအပျော်ထားတာပါကွာ"

"မင်းဟယမဟုတ်လို့ငါ့ဟာလား..ခွေးသားအပျော်သာဆိုတယ်၂လကျော်နေပြီတွဲနေတာ အရင်ကလူတွေဆို ၁လတောင်မပြည့်တဲ့ကောင်က"

"ငါလဲဘယ်လိုဖြတ်ရမလဲ စဥ်းစားနေတာ
သူကအရမ်းကွာဘယ်လိုပြောရမလဲ ငါ ဘာ
ပြောပြောအပြစ်မပြောဘူးကွာ ငါလဲကိုယ့်အပေါ်သည်းခံလို့သာအခုထိတွဲနေတာဖေ့သားလေးရ"

"ဒါနဲ့ငါ့ကိုခေါ်ပြီး ဘာလုပ်ဖို့လဲ ပြောစရာရှိလဲမြန်မြန်ပြော မင်းအဖေမိုးကအစိုးရတာမဟုတ်ဘူး"

DateWhere stories live. Discover now