အပိုင်း(၁၈)

3.8K 135 1
                                    

အပိုင်း(၁၈)

နေရောင်ခြည်က မျက်နှာကိုလာရောက်ထိခတ်နေတာကြောင့် နောက်ကျနေပြီဆိုတာ သိပေမယ့် လူကလှုပ်လို့မရ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာအံ့ဝင်ခွင်ကျ။

ညကအဖြစ်အပျက်များကို သွားပြန်တွေးမိတာကြောင့် သူ့ရင်ခွင်ထဲသာပိုတိုးဝင်မိသည်။

ရင်ခွင်ထဲ အတင်းတိုးဝင်လာတာကြောင့် ပြုံးလိုက်မိရင်း တင်းကြပ်စွာ ပြန်လည်ထွေးပွေ့လိုက်သည်။

"မွ...မောင့်ယိမ်း"

"ဟင် နိုးနေပြီလား"

"ဟင်းးးရှက်လို့လား မျက်နှာလေးပြပါဦးကွာ"

"မင်းနော်"

"ဟော!.မောင်လို့မခေါ်တော့ဘူးလား..ညကတော့သူပဲအရင်စခေါ်ပြီးတော့..ပြီး တော့"

"လိုက်မစနေနဲ့တော့...ရေသောက်ချင်တယ်
အာခေါင်တွေခြောက်နေလို့"

"အင်းပေါ့လေ ညက အော်ထား.."

စကားမဆုံးသေးဘူး ခေါင်းအုံးကြီးကိုယ့်ဘက်ပြန်လာတာကြောင့် လှမ်းဖမ်းရင်း ရေထည့်ပေးလိုက်သည်။

ချစ်ကြည်နူးတစ်တီတူးနေချိန် တံခါးခေါက်သံကြားတာကြောင့် ဘောင်းဘီတစ်ထည်နှင့်သာ တံခါးသွားဖွင့်ပေးလိုက်သည်။

"သားငယ် အောက်မှာ မြယဥ်ရောက်နေတယ်
ယိမ်းပျောက်နေလို့တဲ့ ကူရှာပေးပါဦးကွယ်"

"မေမေ...အဲ့တာက..ဟို....."

"မောင် ငါရေချိုးခန်းဝင်မလို့လိုက်ပို့ပေးဦး"

"...."

အကုန်သိသွားတာကြောင့်လူကြီးပေါက်စကို
သန့်ရှင်းရေးကူလုပ်ပေးပြီး အောက်ထပ်သို့ဆင်းလာလိုက်ကြတော့သည်။
ဆွဲထားတဲ့လက်တစ်ဖက်က တဖြေးဖြေးအေးစက်လာတာကြောင့် ပိုတင်းကြပ်စွာကိုင်ပြီးနှစ်သိမ့်လိုက်ရသေးသည်။

"ဘယ်လိုဖြစ်ကြတာလဲကွယ်..အစထဲကပွင့်ပွင့်လင်းလင်း ပြောရင်မေမေတို့က မတားပါဘူး"

"သားယိမ်း ရက်စွဲလေးနဲ့ မေတ္တာ မျှနေရင်လဲတီလေးကိုပြောလေ အခုကလူကြီးတွေအကုန်စိတ်ပူရပြီ"

DateWhere stories live. Discover now