အပိုင်း(၂၁)⚠️

4.1K 144 3
                                    

အပိုင်း(၂၁)⚠️

Warningပေးပါတယ်နော် သူများတွေ
မဂ်လာဦးမှာမို့  မဦးချင်ရင်ဝင်မဖတ်ပါနဲ့
ရိုင်းမိရင်တောင်းပန်ပါတယ်🙏

ထမင်းစားသောက်ပြီးမောင့်လက်လေးတွဲက
ခြံထဲလမ်းလျှောက်နေလိုက်သည်။မိုးကုန်ခါနီးသီတင်းကျွတ်ရောက်ခါနီးပေမယ့်တစ်ခါတစ်ခါမိုးရွာလေ့ရှိသည်။

ထမင်းစားနေချိန်မိုးဖွဲဖွဲလေးရွာထားတာကြောင့် အပြင်မှာနေလို့ကောင်းပါသည်။
လမ်းလျှောက်ရင်း ရယ်လိုက်မောလိုက်နဲ့နှစ်ယောက်သားစကားပြောခဲ့ကြသည်မှာအတော်ကြာသွားခဲ့သည်။

"ယိမ်း အိမ်ထဲဝင်ရအောင်လေနောက်ကျနေပြီ ပြီးတော့မောင်တို့တစ်ခုခုလုပ်ရဦးမယ်လေ...လာ"

"ဟင်...ဘာလုပ်စရာရှိသေးလို့လဲ..မောင်ကလဲခုနကတော့မလုပ်ပဲနဲ့အိပ်ခါနီးမှ"

"ဟဲးးးအဲ့တာကအိပ်ရာထဲမှာပဲလုပ်လို့ရတာ."

"ဘာအလုပ်မို့...."

အူကြောင်ကြောင်နဲ့မေးနေတာကေြာင့်အသဲယားလာကာဆက်မေးလာမည့်မေးခွန်းများကိုမဖြေချင်တော့ပါ။လက်တွေ့ပဲသက်သေပြချင်သည်။

လှေကားကနေစပြီးပွေ့ချီလာတဲ့မောင့်ကြောင့် လည်တိုင်ကိုဖက်ပြီးငြိမ်သက်စွာလိုက်လာမိသည်။အခန်းထဲရောက်တော့အိပ်ရာပေါ်နူးညံ့စွာချပေးပြီးအပေါ်ကနေအုပ်မိုးကာပြောလာသည့်စကားကြောင့်မျက်နှာပူစွာဖြင့်ပြုံးမိလိုက်သည်။

"ဘာအလုပ်လဲဆိုတော့ ....ဒီညဘာညလဲဆိုတာမေ့နေတဲ့ယိမ်းကိုမောင်ကသတိရအောင်လုပ်ပေးမလို့ပါဗျ"

"မောင်....မောင်နော်.."

ရှက်ဝဲဝဲမျက်နှာလေးကဟိုဘက်လှည့်သွားတာကြောင့်မေးဖျားကနေကိုင်ပြီးမျက်လုံးချင်းစုံစေလိုက်သည်။

"မောင်တို့....လေယာဥ်စီးကြမယ်လေ...တိမ်တွေပေါ်ထိလွင့်မျောသွားအောင်....နော်..
လိုက်မယ်မလားမောင် နဲ့.."

"မောင့်သဘောပါ...ယိမ်းကိုမောင်ပိုင်ပါတယ်"

ခွင့်ပြုချက်ရသည်နှင့်နှုတ်ခမ်းပါးလေးကိုနမ်းရှိုက်ရင်းအရှိန်ရလာတော့အသက်ရှုသံများပြင်းထန်လာလေသည်။လျှာဖျားလေးကနှုတ်ခမ်းပါးလေးတွေပွတ်တိုက်နေတော့ မရဲတရဲလေးဟပေးလာတာကြောင့်လျှာကိုအထဲထိတိုးဝင်ကရစ်ပတ်လိုက်တော့သည်။

DateWhere stories live. Discover now