အပိုင်း(၁၉)

3.4K 137 0
                                    

အပိုင်း(၁၉)

သဘက်ခါစေ့စပ်ပွဲမို့ ညနေသူ့ကိုလေဆိပ်မှာသွားကြိုရဦးမည်။ ညတိုင်းဖုန်းထဲမှာပဲ မြင်နေရတာကြောင့် လွမ်းစိတ်ကပိုရသည်။

'အင်း...အခု တောင် လွမ်း လာ ပြီ'

ဒေါက်...ဒေါက်...

တံခါးခေါက်သံကြောင့် သတိဝင်ကာသွားဖွင့်ကြည့်လိုက်သည်။တီလေးက တစ်ခုခုပြောစရာရှိသည့်ပုံစံမို့ ကိုယ်ကသာအရင်စမေးလိုက်ရသည်။

"တီလေး....ဘာဖြစ်လို့လဲဟင်"

"ယိမ်းလေး..အောက်မှာအကိုကြီးတို့တွေရောက်နေကြပြီ"

"...."

ပျော်သွားတာမျိုး မဟုတ်ပေမယ့် ကိုယ့်စေ့စပ်ပွဲကိုလာပေးလို့ ကျေးဇူးတင်မိပါသည်။ဘယ်လိုအကြောင်းကြောင့်ပဲ လာလာ ယိမ်းမျက်နှာတော့မငယ်ရဘူးပေါ့လေ။

တီလေးနဲ့အတူ အောက်ထပ်ကိုသာဆင်းလာလိုက်သည်။အောက်ထပ်တွင် ဖေဖေမျက်နှာခပ်တင်းတင်းကြောင့် အသက်ပင်မရှုရဲပေ။

"ဟို....သခင်မကြီးနဲ့မမလေးတို့ကိုကိုလေးတို့လဲပါလာတာလား"

"ငါ့ မိသားစုငါခေါ်လာတာ ပြဿနာရှိလို့လားလေယူရာယိမ်း"

"......"

"ယောကျာ်းတစ်ယောက်နဲ့ယူမယ့် ကောင်ရဲ့မျက်နှာကိုလာကြည့်တာ မဂ်လာပွဲကိုလာဖို့စိတ်ကူးမရှိဘူး မင်းမရှက်ပေမယ့် ငါရှက်လို့"

"အို!အကိုကြီး ကလေးကိုဘယ်လိုစကားတွေပြောနေတာလဲ"

"အမလေး မြယဥ်ရယ် ညည်းအကိုပြောနေတာတွေကမှားလို့လား"

"....."

"ဒါနဲ့ မင်းအကောင်ကိုရော မတွေ့ပါလား မင်းကအတင်းယူထားတာတော့ မဟုတ်ပါဘူးနော်"

"ဖေဖေ!!!

ဘာစကားမှဆက်ပြောလို့မရတော့ပေ။ ထို့နောက် တီလေးပြောလာသည့် စကားကြောင့် နေရာမှထထွက်လာမိသည်။

"ယိမ်း လေယာဥ်ချိန်ဆိုက်ချိန်နီးနေပြီမလားသွားတော့လေ..တံတားဦး ထိသွားရမှာဆိုတော့အခုချိန်သွားမှ"

"ဟုတ်...ဖေဖေ ယိမ်းကိုခွင့်ပြုပါဦး"

"ဟက်.....ဖြစ်ပျက်နေလိုက်တာ ရွံဖို့ကောင်းအောင်"

DateWhere stories live. Discover now