အပိုင်း(၂၀)

3.3K 135 0
                                    

အပိုင်း(၂၀)

စေ့စပ်ပွဲနေ့

"ယိမ်း ဒီမှာဒါလေးဝတ် မောင်နဲ့အတူတူ"

ခဲရောင်ကိုအဖြူလေးနဲ့စပ်ထားသော suit
လေးကိုကြည့်ရင်းမောင့်ကို အမေးသဘောမျိုး လှမ်းမေလိုက်သည်။

"မောင် စေ့စပ်ပွဲဆိုတော့ ပုဆိုးဝတ်မယ်ထင်နေတာ ယိမ်းကအခုဟာက အရမ်းပိုလွန်းနေလားလို့"

"ကဲပါ...ယိမ်းရယ် နောက်ကျနေပြီ မောင်ကသူများတွေနဲ့မတူချင်လို့ပါ"

ချော့မော့ပြောလိုက်မှခေါင်းညိမ့်ပြပြီးသွားဝတ်နေလေတော့သည်။တီလေးနဲ့မေမေကအရင်သွားနှင့်တာကြောင့်ယိမ်းဖေဖေတို့မိသားစုနဲ့ကိုယ်တို့သာရှိတော့သည်။

အကုန်ပြင်ဆင်ပြီးထွက်လာသောယိမ်းကို
ငေးနေမိသည်။ ကိုယ်ကခဲရောင်favမို့လို့သာ
ရွေးထားတာယိမ်းကြိုက်ပါ့မလားအဆင်ပြေပါ့မလားတွေးပူနေတာ အခုတော့လိုက်ဖက်လွန်းတာမှတစ်ဖက်ကမ်းလွန်နေသူကြောင့် ကိုယ့်တောင်မှေးမှိန်သွားသလိုပင်။

သူနဲ့ယိမ်းကကားတစ်စီးဖေဖေတို့ကအနောက်မှကားတစ်စီးဖြင့်လိုက်ကြသည်။
ဟိုတနေ့ကပြဿနာတက်ပြီးထဲကဖေဖေရော
မမလေးပါယိမ်းကိုစကားမပြောကြချေ။

တွေးနေရင်းလမ်းကိုကြည့်လိုက်တော့ သွားရမည့်နေရာမဟုတ်ပဲမြို့ပြင်ဘက်ကိုမောင်းနေသူကြောင့်မောင့်မျက်နှာကိုကြည့်လိုက်မိတော့ မောင်ကအေးအေးဆေးဆေးပင်။

ကိစ္စ ရှိလို့ခနသွားတယ်သာထင်မိပြီး ဘာမှမမေးပဲမောင်ခေါ်ရာသာလိုက်လာတော့သည်။
ခနအကြာ မြို့ပြင်မှခြံကျယ်ကျယ်ထဲမောင်းဝင်ပြီးကားပါကင်ထိုးနေသည်အထိမောင့်ကိုဘာမှမမေးမိသေးချေ။ကားပါကင်တွင်ကားအနည်းငယ်ရပ်ထားသည်ကိုတွေ့သည်။

ကားတံခါးလာဖွင့်ပေးမှသာ ဆင်းလိုက်သည်။မောင်ကလက်ကိုဆွဲကာခေါ်သွားတာကြောင့်လိုက်သွားရပြန်သည်။တစ်နေရာအရောက်တွင်ခြေလှမ်းတို့ရပ်တန့်သွားမိသည်။

မောင်ရက်စွဲထင်စေ
                            💕
                              မောင်လေယူရာယိမ်း
                  
                 မဂ်လာဧည့်ခံပွဲ

DateWhere stories live. Discover now