အပိုင်း(၂၂)

3.2K 113 1
                                    

အပိုင်း(၂၂)

လက်ထပ်ပြီး၁ပတ်ကြာတော့မောင်companyမှာဝင်ရောက်နေရပြီဖြစ် သည်။ယိမ်းကတော့တီလေးအထည်ဆိုင်မှာသာလစာမယူပဲဝင်ရောက်လုပ်ကိုင်ပေးနေဆဲ
ပင်။

မောင်ရုံးကပြန်လာရင်နှစ်ယောက်သားတီဗီကြည့်သည်။ခြံထဲလမ်းလျှောက်သည်။တစ်ခါတစ်လေတိမ်တိုက်တို့နဲ့barမှာဆုံဖြစ်ကြသည်။ဖေဖေတို့နဲ့နေစဥ်ကမလုပ်ဖြစ်ခဲ့မသွားဖြစ်တာတွေမောင်နဲ့အတူလုပ်ဖြစ်ခဲ့သည်။

အချိန်တွေတ၍၍နဲ့ကုန်သွားခဲ့သည်မှာ
သီတင်းကျွတ်သို့ရောက်ရှိလာခဲ့သည်။

လပြည့်နေ့မို့တီလေးနဲ့မေယုကိုကန်တော့ပြီး
ဘုရားသွားဖို့မောင့်ကိုပြင်ဆင်ခိုင်းလိုက်သည်။ကိုယ်ကတော့အကုန်ပြင်ပြီးသားမို့
မေယုတို့နဲ့သာစကားပြောရင်းကျန်ခဲ့လိုက်သည်။

"ယိမ်း...သွားကြမယ်လေ"

စကားပြောနေရင်းအသံလာရာလှမ်းကြည့်မိတော့ ကော်လံဂတုံးလက်ရှည်လေးကိုကချင်ပုဆိုးကွက်ကြဲလေးနဲ့တွဲဝတ်ထားသောမောင်
ကြောင့်ပါးစပ်အဟောင်းသားသာငေးနေမိသည်။

ကိုယ့်လင်ကိုပြန်ငေးနေရတာအဆင်မပြေပေ။ဒီလိုပုံနဲ့တော့ခက်ပြီ အရင်ထဲကစော်ကခပ်ကြည်ကြည်နဲ့တော့တစ်လမ်းလုံးအူတိုရလွန်းလို့အိမ်ပြန်ရင်အူတောင်ရှိပါတော့မလား
မသိချေ။

"အင်း...သွားမယ်လေ မေယုတီလေးသားတို့သွားတော့မယ်"

"အေးပါကွယ်"
"လူရှုပ်တယ်ဖြေးဖြေးမောင်းကြနော်"

ခေါင်းသာညိမ့်ပြရင်းမောင့်လက်ကိုတွဲပြီးကားနားသွားလိုက်သည်။ဘုရားရောက်တော့ထင်သည့်အတိုင်းပဲတစ်ချို့ကမသိမသာ တစ်ချို့ကသိသိသာသာနဲ့ကိုကြည့်နေကြသည်။
လူကစိတ်ကမရှည်ချင်သည့်ကြားမှအရှေ့ရောက်လာတဲ့သူကြောင့်နှုတ်ခမ်းသာတင်းတင်းစေ့ထားလိုက်သည်။

"ဟာ...ရက်စွဲ..ဘုရားလာတာလား.ဘေးနားကသူငယ်ချင်းလား"

ဘုရားလာလို့ဘုရားပေါ်မှာတွေ့တာပေါ့ပလီပလာတွေတတ်နိုင်လွန်းသည်။ဟိုကလဲဒါလေးမေးတာပါးစပ်ကိုပြဲလို့ရီပြနေလိုက်တာ။

DateWhere stories live. Discover now