အပိုင်း(၁၄)

3.3K 157 1
                                    

အပိုင်း(၁၄)

ဒီအခန်းက. warningပေးစရာတော့မလိုလောက်ဘူးထင်လို့မပေးတော့ပါဘူးနော်။

အခန်းထဲရောက်တော့အံ့သြသွားရသည်။
ခဲရောင်ကြိုက်တာသတိထမိပေမယ့် ဒီလောက်မှန်းမသိခဲ့။တစ်ခန်းလုံးခဲရင့်ရောင်တွေနဲ့ပင်။

"အောက်ဖက်မှာပဲ ကုတင်မှီပြီးထိုင်ကြမလား
ထိုင်ခုံနဲ့ကျတော့ အဆင်မပြေမှာစိုးလို့"

အနောက်ကအသံကြောင့်လန့်သွားပေမယ့်
ဟန်မပျက် ခေါင်းသာညိမ့်ပြလိုက်သည်။

"အခန်းမီးပိတ်လိုက်မယ်နော် သရဲကားက
မီးပိတ်ကြည့်မှမိုက်တာ မကြောက် တတ် ဘူး မလား"

"အင်း.."

တစ်ခန်းလုံးtvမှအလင်းရောင်သာရှိသည်။
မိုးကလဲရွာလိုက်တာ မိုးပြိုတော့မလိုပင်..
tvထဲရုတ်တရတ် သရဲပေါ်လာတာကြောင့်သူ့နားမသိသာကပ်သွားလိုက်မိသည်။

ကိုယ့်အနားမသိမသာကပ်လာတဲ့ သူ ကြောင့်
ကော်ဖီလှမ်းယူရင်းဒီဘက်လှည့်ပြုံးလိုက်မိသည်။

ဇာတ်ကားထဲမိန်းမဆိုလို့သရဲမသာပါပေမယ့်သရဲကအရမ်းခြောက်နေတာကြောင့် ဘာမှမတွေးပဲဆက်ကြည့်နေရင်း တစ်နေရာအရောက် ကော်ဖီတောင်သီးသွားရသည်။

တောထဲမှာ tentထဲကောင်လေးနှစ်ယောက်
နမ်းနေရင်းမှအဝတ်စားများချွတ်ကာ ညည်းသံများထွက်ပေါ်လာတော့သည်။

ကြောင်ကြည့်နေရင်းမှသတိရကာ အဲ့အခန်းကိုကျော်လိုက်မိတော့သည်။

'သူတောင်းစား တိမ်တိုက် သူ့ဦးနဲ့ကြည့်တဲ့ကားကဒါလား..ပြော လိုက် သေး တယ် ဦး
ရင်ခွင်လေးထဲဝင်ပြီးတဲ့"
ဘေးကလူကိုကြည့်မိတော့လဲ tvကအလင်း
ရောင် ကြောင့်မျက်နှာတစ်ခုနီရဲနေတာကို
တွေ့လိုက်ရသည်။

"ဟို...ဟို..ငါအိပ်ချင်လာလို့အခန်းထဲပြန်တော့မယ်နော်"

"ဟင်...အင်း  good night"

"good night"

အပြင်မှာမိုးအရမ်းသည်းနေပေမယ့် လူကတော့ ရေနွေးပူနဲ့ ပတ်ခံထားရသလိုပင်။
ထိုနေရာမှာဆက်မနေချင်တာကြောင့်ထမည်
အလုပ်နေတုန်း။

DateWhere stories live. Discover now