အပိုင်း(၁၂)

3.3K 193 3
                                    

အပိုင်း(၁၂)

မိုးတွင်းကြီးက ဆိုးလိုက်တာဘယ်မှမသွားချင်မလာချင်နဲ့ တော်တော်အဆင်မပြေ။တစ်ချို့မိုးရာသီကြိုက်တဲ့ သူတွေကိုတကယ်လေးစားတယ်။

"ယိမ်းရေ..အိပ်နေတာလား တီလေးပြောစရာရှိလို့တံခါးခနဖွင့်ပါဦး"

တီလေးအသံကြောင့်မိုးစက်တွေငေးနေရင်း
တံခါးအမြန်သွားဖွင့်လိုက်သည်။

"မအိပ်ပါဘူးတီလေးရဲ့ လာလေ ဘာပြောမလို့လဲ"

"တီလေး ယိုးဒယားဘက်ခနသွားမလို့အထည်တွေနဲနဲပြဿနာဖြစ်လို့ ၁ပတ်လောက်ပါပဲ"

"ဟင်..ယိမ်း လိုက် ခဲ့ ရမလား"

"တီလေးကသူငယ်ချင်းကားနဲ့လိုက်မှာ..
ယိမ်း ပင်ပန်းပါတယ်..ပြီးတော့တီလေးသွားနေတဲ့အချိန် မေယုတို့အိမ်မှာသွားနေ..
ဟိုကောင်ထပ်ပြီးနှောက်ယှက်မှာဆိုးလို့..
ဆိုင်ကိုလဲနေ့တစ်ပိုင်းပဲဖွင့်..."

"ဟင် ယိမ်းဟိုဘက်အိမ်မှာတော့မနေချင်ဘူး
ဒီ မှာ ပဲ အဆင်ပြေ ပါ တယ်"

"တီလေးကိုနောက်ဆံတင်းအောင်မလုပ်ပါနဲ့သားရယ် မေယုကလဲသူ့တို့ဆီပို့ထားတဲ့"

"...."

"သား ကလေးမဟုတ်တော့ဘူးဆိုတာ ...
တီလေးသိပါတယ်ကွယ် ဒါပေမယ့်စိတ်မချလို့ပါ....လိမ်မာပါတယ်နော်တီလေးစကားနားထောင်ကွယ်"

"အင်းပါ...တီလေးသာစိတ်ဖြောင့်ဖြောင့်နဲ့သွားနော်"

ယိမ်းလဲ မငြင်းသာတဲ့အဆုံး မေယုတို့အိမ်ပေါ်ရောက်လာခဲ့တော့သည်။

"လာ...ယိမ်းလေး အပေါ်ထပ်ညာဘက်အခန်းကရက်စွဲလေးအခန်း အဲ့ဒီ့ဘေးအခန်းကသားနေဖို့..ဘာမှအားမနာနဲ့နော်"

"ဟုတ်ကဲ့..မေယု..အဲ့ဒါဆိုယိမ်းအထုတ်သွား
ထားပြီးဆိုင်သွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ပါရှင်"

ယိမ်းအခန်းထဲဝင်တော့ သေသေချာချာရှင်းပေးထားတာကိုတွေ့လိုက်ရသည်။
အဝတ်စားလဲကာ ဆိုင်သို့ထွက်လာလိုက်တော့သည်။
ဒီနေ့လိုက်ပို့မယ့်သူမရှိ ညကသူ့ သူငယ်ချင်း
အိမ်မှာအိပ်တာမို့လို့တဲ့လေ။

DateWhere stories live. Discover now