အပိုင်း(၁၅)

3.4K 179 2
                                    

အပိုင်း(၁၅)

သူ့နဲ့မျက်နှာချင်း မဆိုင်ချင်တာကြောင့် ဆိုင်ကို စောစောသာထွက်လာလိုက်တော့သည်။

ညကအကြောင်းပြန်တွေးမိတော့လဲ ရင်ဘက်ထဲမှာခုန်ပေါက်နေတဲ့ အကောင်ကိုသာ လက်နဲ့ဖိလိုက်လိုက်ရသည်။
မင်းအရမ်းဆိုးတယ် ကောင်လေး..

အိပ်ရာကထပြီး ကျေးဇူးရှင်သူငယ်ချင်းကို
သွား မေတ္တာ ပို့ရဦးမယ် ပြီးတော့ဟိုလူ့ကိုလဲဆိုင်လိုက်ပို့ရမယ် တွေးရင်းရေချိုးသန့်စင်ပြီး
အိမ်အောက်ဆင်းလာခဲ့သည်။
ဘာလဲဟ သွားပြီလား မနိုးသေးတာလား?

"မေမေ ဟိုတစ်ယောက်ရော.."

"ဟမ်..ဘယ်သူ?...အော်.ယိမ်းလေးလား အလုပ်ကမပြတ်သေးလို့ စောစောသွားမလို့ဆိုပြီထွက်သွားလေရဲ့"

"အော်..."

ဟွန်းးသက်သက်ရှောင်နေတာသိသာလိုက်တာ။မနက်စာမစားတော့ပဲ တိမ်တိုက်ဆီသာထွက်လာတော့သည်။

"ဟေ့...ဖေ့သားကြီး ညကပညာတွေရလိုက်လား"

"xီးကိုပညာရ ငါတစ်ယောက်ထဲဆို ကိစ္စ မရှိပေမယ့် ဟိုလူနဲ့ဆိုတော့ ...ဒါနဲ့မင်းကအဲ့ကားဆိုလဲမပြောဘူး အခုက..ချီးပဲ"

"ဟမ်..ဘာတွေဖြစ်နေတာလဲ...မင်းညကတစ်ယောက်ထဲကြည့်တာမဟုတ်ဘူးလား..ဟိုလူဆိုတော့ မဟုတ်မှလွဲ..."

"အေး..ဟုတ်တယ် ..ငါလဲသူတစ်ယောက်ထဲပျင်းနေမှာဆိုးလို့ သရဲကားကြည့်ဖို့ခေါ်လိုက်တာ "

"ဟားးးးးးးအဲ့တော့ဘာဆက်ဖြစ်သွားရောလဲ"

သူတောင်းစား သူပဲရီနိုင်နေ ဟိုကကိုလိုက်ပို့တာတောင် မစောင့်တော့ဘူး။ ညကဖြစ်ပျက်သမျှအကုန်သာပြောပြလိုက်ရတော့သည်။

"ငါမေးမယ်....မင်းသူ့ကိုကြိုက်နေပြီမလား"

"ဘောကို....."

ဆဲမလို့ပြင်ပြီးခါမှ တရားခံကြည့်လာကြည့်နေတာကြောင့် သက်ပျင်းချလိုက်မိသည်။

"ငါလဲ ငါ့ ကိုယ်ငါမသိဘူး..မိန်းကလေးတွေပဲတွဲဖူးတာဆိုတော့ ယောကျာ်းလေး တစ်ယောက်အပေါ် တော့ငါမသိဘူး"

"အဲ့တာဆို ညကမင်းဘယ်လိုခံစားရလဲ"

"ငါကောင်မလေးတွေရှုပ်ပေမယ့်ဘယ်သူ့ကိုမှလဲ ချစ်တယ်မပြောဖူးဘူးသလို နမ်းလဲမနမ်းဖူးဘူးဆိုတာမင်းသိပါတယ် အဲ့တာ
ကြောင့်အခုသူနဲ့နမ်းလိုက်တာအချိန်အထိအတွေ့ပေါ်သာယာမိတာလားရန်ခုန်တာလားငါမသိဘူး...ဒါပေမယ့် ရပ်တန့်ဖို့ခက်ခဲနေတာတော့အမှန်ပဲ"

DateWhere stories live. Discover now