အပိုင်း(၄)

3.7K 166 5
                                    

အပိုင်း(၄)

၁၀တန်းကိုဂုဏ်ထူး၃ခုနဲ့အောင်ပေမယ့် ဂုဏ်
ပြုသူက ဒေါ်သောင်းနဲ့ကိုကိုလေးပင်။

"ယိမ်းလေး တော်လိုက်တာ ...လာဒယ်ဒီတို့ကို
သွား ပြော ပြ ရအောင်"

"ဟင့်အင်း ကိုကိုလေး ယိမ်းမပြောရဲဘူး ပြော
လဲ ဘာ မှ မထူး ပါ ဘူး လေ"

"နှစ်ယောက်ထဲရှိတဲ့အချိန် ကိုကိုလေးလို့မခေါ်နဲ့လို့ ကိုကိုပြောထားတယ်လေ"

"...."

လက်ကိုအတင်းဆွဲကာ ဖေဖေ့နဲ့သခင်မကြီးထိုင်နေတဲ့နေရာကိုခေါ်လာတာကြောင့် ယိမ်းမှာဖေဖေဘာပြောပါ့မလဲ တွေးကာအသက်ပင်အောင့်ထားမိသည်။

"လင်းခန့်ကို မင်းကဘာလို့သူ့လက်ကိုဆွဲလာတာလဲ"

"ဟို...ဒယ်ဒီနဲ့မာမီ ယိမ်းကဂုဏ်ထူး၃ခုပါတယ်တဲ့ အဲ့တာကျွန်တော်က ဒယ်ဒီသိရအောင်လာပြောပြတာ ယိမ်း ပြော ပြ လိုက် လေ"

"ဟို...ဟို..."

"အော်...သားရယ်ဘာထူးဆန်းလို့လဲ ဒယ်ဒီနဲ့
မာမီဒီမှာ tvကြည့်နေတယ်လေကွာ"

"ဟုတ်သားပဲ လင်းခန့်ရယ် သွားတော့မာမီ့တို့ကိုဘာမဟုတ်တာလေးနဲ့ လာမနှောက်ယှက်နဲ့တော့ သွားသွား"

"နေဦး...လေယူရာယိမ်း.မင်းက ဘာတွေမျှော်လင့်ပြီး သားခန့်နဲ့အတူတူပါလာရတာလဲ..
နောင်ဘာ ကိစ္စပဲဖြစ်ဖြစ် ငါနဲ့မျက်နှာချင်းလာလာမဆိုင်နဲ့ မင်းကိုမြင်ရင် မင်းအမေမျက်နှာ မြင်ရသလိုပဲမသတီဘူး.."

ကလင် ကလင် ကလင်....
"...."

" ဟယ်လို!!!ဟုတ်ကဲ့......ဦးရာဇာဟုတ်ပါတယ်"

"ဗျာ....အော် အဲ့တာကဖွန်တော်နဲ့မဆိုင်ပေ
မယ့် သူ့မိသားစုကိုကျွန်တော်ဆက်သွယ်ပေးပါ့မယ်..လူမှု့ရေးအရပေါ့ .."

"..."

"ကောင်းပါပီ.."

"ဘာ ဖြစ် လို့ လဲ ကိုယ်..."

"ဆေးရုံကပါ...လေယူရာယိမ်း မင်းအမေ
ဒေါ်ဧကရီ car accident ဖြစ်လို့လွန်ခဲ့တဲ့နာရီဝက်လောက်က ဆုံးသွားပြီတဲ့ အဲ့တာမင်းသွားတွေ့ချင်ရင်တွေ့ မတွေ့ချင်ရင်နေငါကတာဝန်အရပြောပြတာ ***ဆေးရုံမှာ"

DateWhere stories live. Discover now