Inrtoduce & Synoptic

19K 466 63
                                    

Introduce & Fic About [ Synoptic ]

Introduce

" မင်းလိုချင်တာ ငါ့ဆီကအချစ်တဲ့လား သျှန်..ဟက်! xီးတောင်မရဘူးကွ!!
ထွီ!...အိပ်မက်ပဲ မက်နေလိုက်! "

Mine

" Mine...မင်းက အိပ်နေတဲ့တစ်ချိန်ပဲ ကိုယ့်နှလုံးသားကို နာအောင်မလုပ်တာ။ အင်း...ဒီလိုဆိုတော့လဲ မင်းကိုအမြဲတမ်းအိပ်ပျော်နေစေချင်သား "

သျှန်

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

Mine's Profile

Name - Mine
Age - 17
Birth Date - 1.7.2006 [ 12:01AM] Saturday
Height - 5'3"
Hair colour - Platinum blonde(ငွေဖြူရောင်)
Eye colour - Brown
Blood type - AB
Zodiac sign - Cancer
Role - Uke

Hobby - Sleeping ၊ Drinking .
🖤🖤🖤

Shan's Profile

Name - Shan
Age - 19
Birth Date - 2.8.2004 [ 12:01PM] Monday
Height - 5'11"
Hair colour - Black
Eye colour - Black
Blood type - AB
Zodiac sign - Leo
Role - Seme

Hobby - Mineကို ချစ်ပေးနေရခြင်းနဲ့ အလျှော့ပေးနေရခြင်း။
🖤🖤🖤

Synoptic

မိသားစုတစ်ခုတည်းလို့ထင်မှတ်ရလောက်တဲ့အထိ ချစ်ခင်ရင်းနှီးကြတဲ့ သူငယ်ချင်း အိမ်နှီးချင်း စုံတွဲနှစ်တွဲ။ ဘယ်လောက်အထိချစ်ကြသလဲဆို နှစ်အိမ့်တစ်အိမ်လိုနေကြပြီး ကိုယ်စီမွေးဖွားထားကြတဲ့သားနှစ်ယောက်လုံးကိုလဲ မိမိသွေးသားကဲ့သို့သဘောထားကာ အတူတူချစ်ပေး၊ဂရုစိုက်ပေးကြတဲ့အထိ။

ဦးဇေထွဋ်သျှန်း + ဒေါ်အေးရိပ်ငြိမ်း
သား - သျှန်

ဦးဂုဏ်မျိုးမြင့် + ဒေါ်ရတီပပ
သား - Mine

အိမ်နီးချင်းဒေါ်လေးဖြစ်သူဗိုက်ထဲမှာတုန်းက မကြည်ဖြူပေမဲ့ မွေးဖွားပြီးလူပိစိလေးကိုမြင်လိုက်ရကတည်းက ၂နှစ်သားလေးဖြစ်ပေမဲ့ သိပ်ကိုသဘောကျပျော်ရွှင်ကြောင်းရယ်ပြရင်း အူမြူးနေခဲ့ရသူ သျှန်။
စကားကောင်းကောင်းပြောတတ်တဲ့အရွယ်ရောက်တော့လဲ ' တိမ်လွှာမှိုင်း' ဆိုတဲ့ အဲဒီ့ကလေးနာမည်ကနေ ' မိုင်း'(Mine) ဆိုတဲ့တစ်လုံးတည်းသော နာမည်ကိုသာ မရမကပြောင်းပေးဖို့ပူဆာခဲ့တဲ့ သျှန်!
အဓိပ္ပါယ်က " သျှန့်ရဲ့ဟာ " တဲ့။ အဲဒီ့ကလေးက သျှန့်ရဲ့ပိုင်ဆိုင်မှုပါတဲ့လေ!
အဲဒီ့ကလေးကိုဘယ်လောက်အထိချစ်သလဲဆို အမြဲအရိပ်တကြည့်ကြည့်နဲ့ရှိပြီး ထိခိုက်ပွန်းပဲ့ရာလေးတွေ့ရရင်တောင် ကာယကံရှင်မငိုခင်ကပင် မျက်ရည်အရင်ကျတဲ့အထိအကဲပိုတတ်တဲ့ သျှန်။
ဒီလိုနဲ့ အဲဒီ့ကလေးတဖြည်းဖြည်းအရွယ်ရောက်လာတဲ့အထိအနားမှာပဲစောင့်ရှောက်ဂရုစိုက်ရင်း စောင့်ကြည့်ပြီး မေတ္တာတွေတိုးလို့ အချစ်တွေပါအရောင်ဆိုးမိသွားတဲ့ သျှန်။
ဒီလောကကြီးမှာ အဲဒီ့ကလေးရဲ့ပတ်သက်သမျှအရာအားလုံးကို သျှန့်လောက်ဘယ်သူမှ နှံ့နှံ့စပ်စပ်မသိနိုင်ဘူး! နှစ်ဖက်မိဘတွေက အမြဲပြောလေ့ရှိကြတယ်။ အဲဒီ့ကလေးရဲ့နံဘေးမှာ သျှန်မရှိလို့မဖြစ်ဘူးတဲ့! သျှန်ကသာ ဒီလောကကြီးမှာ အဲဒီ့ကလေးအတွက်အလိုအပ်ဆုံးအရာတဲ့!
ဒီလိုနဲ့ သျှန်မရှိရင်မဖြစ်တဲ့ကလေးကို စိတ်မချတဲ့အတွေးပေါင်းစုံနဲ့ အသက်မပြည့်ခင်မှာပဲ သျှန့်ရဲ့အိမ်ထောင်ဖက်အဖြစ် ခပ်လျော့လျော့စည်းဘောင်လေးအတွင်းထဲ ခေါ်သွင်းလိုက်မိတဲ့အခါ.......

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now