Chapter 24: Black Heart 🖤

1.5K 88 26
                                    

[ ...Recommend song for this part- Rewrite the stars ( James Arthur & Anne Marie) ]

🖤

တိမ်ကင်းစင်၍နေသာပြီး ကောင်းကင်တစ်ခုလုံးပြာလဲ့ကြည်လင်နေတဲ့ တနင်္ဂနွေရက် တစ်ရက်တွင်ဖြစ်၏။

အော်စလိုမြို့ရဲ့ Sagene Church အတွင်းမှာတော့ မြင်မြင်သမျှ ခရမ်းနုရောင်တို့နဲ့ သိမ်မွေ့နူးညံ့လှပစွာ လွှမ်းခြုံထားတဲ့ပွဲလေးက

" လက်ထပ်ပွဲအထမြောက်သွားပြီမို့ သတို့သားနှစ်ဦး အကြင်နာပေးလို့ရပါပြီ "

တည်ကြည်တဲ့အသွင်အပြင်နဲ့ အေးချမ်းစွာပြုံးပြရင်းပြောလာတဲ့ ဖာသာရဲ့စကားအဆုံး သျှန့်ရဲ့လက်တစ်ဖက်က မိုင်းရဲ့ခါးသေးသေးလေးကို ညင်သာစွာပဲဆွဲယူသိမ်းပွေ့လို့ ရှက်ရိပ်သန်းနေတဲ့မျက်ဝန်းညိုတွေကို အကြင်နာတွေလွှမ်းခြုံထားတဲ့အကြည့်တွေနဲ့ ယစ်ယစ်မူးမူးငေးရင်း နီညိုရောင်နှုတ်ခမ်းတို့ကို ချယ်ရီသီးရောင်ပြေးနေတဲ့နားရွက်ဖျားအနား ညွှတ်ကိုင်းတိုးကပ်ပြီးနောက်

" Jeg elsker deg 'Mine' "

သိပ်ကိုရိုးရှင်းလွန်းတဲ့ နော်ဝေဘာသာ စကားလုံးလေးကိုနားလည်နေတဲ့ ရင်ခွင်ထဲကကောင်လေးမှာလည်း သူ့ရဲ့စကားအဆုံး မြတ်နိုးစရာကောင်းလွန်းတဲ့နှုတ်ခမ်းပါးလေးတွေကို အစွမ်းကုန်မြင့်တက်သွားတဲ့အထိပြုံးပြလာပြီးနောက် သျှန့်ရဲ့မျက်ဝန်းတွေထဲစူးစိုက်ငေးကြည့်လာကာ တိုးညင်းညင်းလေး ပြန်ပြောလာ၏။

" Tkk.. Shan . Jeg elsker deg "

ထို့နောက်မှာတော့ ခြေဖျားကိုထောက်လို့ အချစ်ငယ်ဟာ နှုတ်ခမ်းတွေကိုကြည်ဖြူစွာရက်ရောပေးအပ်လာပေမဲ့ သျှန်ကတော့ ကြည်နူးလှိုက်ခုန်နေတဲ့အပြုံးတစ်ပွင့်ကိုသာဖန်တီးရင်း သူ့ရဲ့နီညိုရောင်နှုတ်ခမ်းတွေကို ငွေဖြူရောင်ဆံစကပိုကရိုလေးတွေအောက်က နဖူးကျဥ်းကျဥ်းလေးမှာပဲခြေချခဲ့လိုက်မိသည်။

မြတ်နိုးလို့...မြတ်နိုးလွန်းလို့ပါ အချစ်ငယ်ရယ်~~

အဲဒီ့အခါ အံ့အားသင့်သွားပုံရတဲ့ လူအများထံမှ ဂုဏ်ပြုလက်ခုပ်သံတွေဟာ churchကျောင်းတစ်ခုလုံးတုန်ခါသွားမတတ်ပင် ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ဟိုင်ယာဆင့်ပန်းရနံ့တွေက အနှီပတ်ဝန်းကျင်တစ်ခွင်လုံးကို လွှမ်းခြုံဖုံးအုပ်သွားတော့၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Dove le storie prendono vita. Scoprilo ora