Chapter 3 : Black Heart🖤

3.3K 195 104
                                    

🖤

ဖြန်း!!

" မိုင်း....!!!! မင်း....!!! "

သျှန် ခန္ဓာကိုယ်တစ်ခုလုံးဆတ်ခနဲတုန်ယင်သွားတဲ့အထိ လန့်ဖြန့်သွားကာ တဒင်္ဂဆွံ့အသွားခဲ့သည် ။ အကြောင်းကတော့ ခုံပေါ်ပက်လက်လန်ကျသွားတဲ့သူ့ရဲ့ရှေ့ကနေကြားဝင်ပိတ်ရပ်ပြီး မိုင်းအား စူးစူးဝါးဝါးအော်ဟစ်ပစ်ရင်း ရိုက်လိုက်တဲ့မေမေလေးကြောင့်ဖြစ်၏။ ပြီးတော့ သျှန့်ရင်တစ်ခုလုံးကိုတုန်လှုပ်သွားစေတဲ့ မိုင်းရဲ့ပါးဖြူဖြူလေးပေါ်ကနီစပ်စပ်လက်ဝါးရာကြီး။

" ရိုက်တယ် ။ အဟက်!...အမေက ကျွန်တော့်ကို ၊ တစ်ခါမှလက်တောင်မရွယ်ခဲ့ဖူးတဲ့အမေက အခု သားအရင်းဖြစ်တဲ့ဒီကောင့်ကို ရိုက်...ရိုက်တယ်...ဟုတ်လား! "

" အေး ရိုက်တယ် ဘာဖြစ်လဲ! မင်း ဒီလောက်ရိုင်းနေရအောင် ငါကမဆုံးမခဲ့လို့လား ဟမ်! မင်းက မိမဆုံးမဖမဆုံးမသားလားလို့ မိုင်းရဲ့!! "

" အမေ့!!! "

စူးခနဲထွက်လာတဲ့အသံသေးသေးလေးမှာ တုန်ခါသံတွေပါနေတော့ သျှန်မနေနိုင်တော့ဘဲ လဲနေရာမှကုန်းထကာ မေမေလေးရဲ့လက်ကိုဆွဲကာတားမိ​တော့၏။

" သား ဘာမှမဖြစ်ပါဘူး မေမေလေးရဲ့။ Mineကို...."

" မင်း စောက်ပေါက်ပိတ်ထား! "

ဖြန်း!! ဖြန်း!!...

" အဲ့ဒါရိုင်းစိုင်းချင်အုံး! "

ဘေးနားမှလေထုအငွေ့အသက်ဟာ ပို၍ပြင်းထန်သွားပြီးနောက် သျှန် မေမေလေးရဲ့လက်ကိုလွှတ်ပြီး အလယ်မှာဝင်ကာ မိုင်းရှေ့ကနေပိတ်ကာထားလိုက်ရင်း

" သား တောင်းပန်ပါတယ် မေမေလေးရယ်။ Mineကိုမရိုက်ပါနဲ့။တကယ်လို့ မေမေလေးရိုက်ချင်သေးတယ်ဆိုရင် Mineအစားသားကိုသာရိုက်လိုက်ပါတော့ဗျာ "

" ဖယ်! ငါနဲ့အမေ့ကြား ဝင်မပါနဲ့! "

" မဆိုးနဲ့Mineရာ ။ ငြိမ်ငြိမ်လေးနေပေးစမ်းပါ Please "

တုန်ခိုက်အက်ကွဲနေတဲ့စကားအဆုံး သျှန့်ရဲ့ကျောပြင်ကို အနောက်မှဆောင့်တွန်းနေတဲ့မိုင်းရဲ့လှုပ်ရှာမှုတွေက တုံ့ခနဲ ။ သျှန့်မှာ မေမေလေးရဲ့ဒေါသတွေပိုဆိုးလာမှာကြောက်၍ အလယ်မှာရပ်နေမိပေမဲ့ စိတ်ထဲမှာတော့ မိုင်းအရမ်းနာသွားမှာပဲဆိုတဲ့အတွေးနှင့် ရင်တစ်ခုလုံးပူလောင်ကာ ငိုချင်လာရ၏။ မေမေလေးကလည်း ယခုထိ သူ့နောက်က မိုင်းကိုသာ ဒေါသတကြီးနှင့်အံကြိတ်ကာကြည့်နေဆဲ။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Où les histoires vivent. Découvrez maintenant