Chapter 20: Black Heart🖤

2.7K 165 63
                                    

🖤

ပြွတ်!

နူးနူးညံ့ညံ့နှုတ်ခမ်းပါးအစုံလေး အသာအယာထိတွေ့သွားတဲ့ လက်ပြင်ဝါဖန့်ဖန့်။ တားဆီးသံတွေ တိတ်ကျသွားတဲ့အခိုက်မှာ ပြင်းပြစွာရှိုက်သွားတဲ့အသက်ရှူနှုန်းမြင့်မြင့်လေးရယ်၊ ပြီးတော့ တွန့်ခနဲတုန်ခါသွားတဲ့ပခုံးတစ်ဖက်နဲ့ ကော့ညွတ်မြောက်တက်သွားတဲ့နှုတ်ခမ်းစွန်းလေးနှစ်ခုက ခံစားချက်တွေကို ဖော်ပြနေတဲ့ပြယုဂ်တွေအလား။

" အာ့..M. i. n. e..."

လောလောလတ်လတ်ကိုက်ရာမို့ အရာထင်းနေတဲ့ အကွင်းလေးဘေးမှာ နောက်ထပ်ပေါ်လာတဲ့ သွားရာလေးတစ်ခု။ ပြီးတော့ တားဆီးခြင်းမဟုတ်တဲ့ညည်းညူသံလေးနဲ့ တင်းခနဲဖြစ်ကာ အကြောစိမ်းများထောင်ထလာတဲ့လက်ဖျံ။ စိတ်မထိန်းနိုင်စွာနဲ့ပေးမိတဲ့အမှတ်အသားအပေါ်ကို နှုတ်ခမ်းတွေနဲ့ ဖြတ်လျှောက်ပွတ်တိုက်ရင်း ခေါင်းအနည်းငယ်စောင်းကာ ခိုးကြည့်မိတော့ မျက်လုံးတွေကိုဖိပိတ်ရင်း အောက်နှုတ်ခမ်းတစ်ခုလုံးကို သွားနဲ့နာနာကျင်ကျင်ကြိတ်ကိုက်ထားသူက ခံစားချက်တွေကို နယ်မြေမလွန်အောင်ထိန်းချုပ်နေတဲ့ပုံစံမျိုး။

" ကို ကို "

"...."

မိုင်းရဲ့ခပ်လေးလေးခေါ်သံနောက်မှာ ပြင်းခနဲဖြစ်သွားတဲ့အသက်ရှူနှုန်းလေးက သိသိသာသာ။ သို့ပေမဲ့ မျက်လုံးတွေလည်းပွင့်မလာခဲ့သလို တုံ့ပြန်သံလည်း မရှိခဲ့။လုပ်လက်စအလုပ်ကိုလည်း ဆက်လုပ်ခဲ့ခြင်း မရှိ။

မိုင်း သွေးကြောမျှင်လေးတွေပါ မြင်နေရတဲ့ ဝင်းဖန့်ဖန့်ပခုံးတစ်ဖက်ပေါ်ကို သူ့ရဲ့မေးဖျားကိုတင်ကာ လက်တွေကို ချွေးစတို့နဲ့စိုထိုင်းထိုင်းဖြစ်နေတဲ့စွပ်ကျယ်အောက်ကခါးကျစ်ကျစ်ကို ဖြည်းညင်းစွာဖက်တွယ်လိုက်ရင်း နူးညံ့ချိုသာတဲ့အသံနဲ့ တစ်ဖန်

" ကိုကို ။ ငါ အရမ်းပူတယ် "

" ဟင် ! အာ...ပူ ပူနေတာလား။ နေအုံး ကိုယ်...မှားလို့...ကိုကို အဲကွန်းမြှင့်ပေးမယ်နော် "

ချက်ချင်းဆိုသလို ပျာယာခတ်သွားတဲ့လေသံနဲ့ သျှန်က လက်ထဲကပစ္စည်းကိုချပြီး နေရာမှစတင်ရွေ့ဖို့ကြိုးစားလေတော့၏။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now