Chapter 28 : Black Heart🖤

1K 35 19
                                    

ဒုန်း!

ဂရုတစိုက်နဲ့အသေအချာသတိထားနေတဲ့ကြားက တံခါးအဝင်ဝရှိ သစ်သားခုံအပုလေးကို ဝင်တိုက်မိတဲဲ့ သျှန် ။ တိုက်မိပြီးအသံထွက်သွားချိန်မှ ယိမ်းယိုင်နေတဲ့ခန္ဓာကိုယ်ကို တိခနဲရပ်တန့်ပစ်လိုက်ပေမဲ့ အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။

" သျှန်!..မင်း......"

" ဟင်...? "

ရုတ်တရက် နောက်ကျောဘက်ဆီမှ ထွက်လာတဲ့အသံလှိုင်းက ဖရိုဖရဲဖြစ်နေတဲ့ခန္ဓာကိုယ်ကို သတိအနေအထားတောင့်သို့မတ်သွားစေပြီး အေးစက်တုန်ယင်နေတဲ့ ရင်ဘတ်ထဲကနှလုံးသားကိုပါ ရုတ်ချည်းပူလောင်ပြင်းရှသွားစေခဲ့၏။ သျှန် ချက်ချင်းကြီး နောက်လှည့်ကြည့်မိတော့ သူ့ခန္ဓာကိုယ်ကို အပေါ်အောက် စုန်ဆန်ကြည့်ကာ မယုံနိုင်တဲ့မျက်ဝန်းညိုတွေနဲ့ မျက်ခုံးအစုံကို တွန့်ကုပ်ထားသူ။

" အာ... Mine နိုးနေပြီလား ။ ဆောရီး ကိုယ်အပြင်ခဏသွား...."

" တစ်ကိုယ်လုံးစိုရွှဲနေတဲ့အထိ မင်း အပြင်မှာဘာတွေလုပ်လာတာလဲ သျှန် "

အေးစက်နေပြီး တစ်လုံးချင်းထွက်လာတဲ့အသံရှရှမှာ မျက်နှာပေါ်က မလုံမလဲအပြုံးရော ၊ မုသားတွေဆိုဖို့ခြေလှမ်းစနေတဲ့နှုတ်ခမ်းတွေရော တစ်ပြိုင်နက်တည်း ရပ်တန့်သွားရကာ သျှန့်ရဲ့နှလုံးသားမှာ ဒိန်းခနဲ။

" ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေပြန်တယ်ပေါ့ "

"....."

သျှန် တဒင်္ဂတွေဝေသွားကာ ခပ်စိမ်းစိမ်းဖြစ်နေတဲ့မျက်ဝန်းညိုလဲ့လဲ့တွေကို စိုက်ကြည့်နေမိတုန်းမှာပဲ တင်းခနဲဆုပ်ထားတဲ့ လက်သီးဆုပ်ကလေးနှစ်ဖက်။

" ကျေးဇူးပြုပြီး....တော်ပါတော့!!! "

ပြီးတော့ ရုတ်တရက်ကြီး လည်ချောင်းရိုးတွေထောင်တဲ့အထိ အော်ဟစ်ထပ်ပြောလာတဲ့စကားကြောင့် သျှန့်ရဲ့အသွေးအသားတွေ ဖျင်းခနဲပူလောင်သွားရကာ ခန္ဓာကိုယ်သွေးလည်ပတ်မှု တုံ့ဆိုင်းသလိုခံစားလိုက်ရစဥ်မှာပဲ မြင်လိုက်ရတဲ့မျက်ရည်ကြည်များ။
နှလုံးသားနေရာမှ ကမ္ဘာပျက်သလို တုန်ဟီးသွားခဲ့ရာ

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora