Chapter 33: Black Heart🖤

598 34 5
                                    

🖤

" ချစ်ခြင်းနဲ့ မုန်းခြင်း ယှဥ်ပြိုင်ကြတဲ့အခါ အားကြီးတဲ့မေတ္တာ ချစ်ခြင်းကပဲ အနိုင်ရကြတယ်တဲ့ Mineရဲ့ "

" ဒါဆို ကိုကိုက ဒီပွဲမှာ အနိုင်ရသူပေါ့ "

" မဟုတ်ဘူး ။ ကိုယ်က မင်းအတွက်ဆို အမြဲတမ်း အရှူံးပေးထားတဲ့လူပါ "

ကလေးအများစုဟာ ညအိပ်ရာဝင်ရင် ပုံပြင်တွေနားထောင်ရတာကြိုက်သလိုပဲ မိုင်းကလည်း အခုနောက်ပိုင်း ညအိပ်ရာဝင်တိုင်း ချစ်ခြင်းမေတ္တာတွေအကြောင်းနားထောင်ပြီးမှသာ အိပ်ရာဝင်တတ်တော့၏ ။ အထူးသဖြင့် သျှန့်ရဲ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေအကြောင်း။
ဒါဟာလည်း  အကျင့်ဖြစ်အောင် လုပ်ပေးနေတဲ့ သျှန်ကိုယ်တိုင်ရဲ့အပြစ်ပါပဲ။

"ကိုကို "

" အင်း ပြောလေ Mine "

မိုင်း တိုးတိုးလေးခေါ်ကြည့်တော့ သျှန်က သူ့လက်မောင်းပေါ် ခေါင်းအုံးထားတဲ့ မိုင်းရဲ့ဦးခေါင်းကို လက်မောင်းရင်းရောက်အောင် ဆွဲယူပြီး ချို(ဂျို)စောင်းနားကိုဖိနမ်းကာ တိုးတိုးလေးပဲ ပြန်ထူးသည်။ အမြဲတမ်းညင်သာနေတဲ့ သျှန့်အနမ်းတွေကြောင့် မိုင်းရဲ့နှလုံးသားတွေပူနွေးလာပြန်ကာ ရင်ခုန်သံတွေတရိပ်ရိပ်နိုးကြားလာကြ၏။ မိုင်း အခုန်မြန်နေတဲ့ ဘယ်ဘက်ရင်အုံကို လက်တစ်ဖက်နဲ့ဖိလိုက်ရင်း ကျန်လက်တစ်ဖက်က သျှန့်ရဲ့ရင်ဘတ်နေရာဆီ ထိတွေ့မိတော့ သျှန့်ရဲ့ရင်ခုန်သံတွေကလည်း ထပ်တူထပ်မျှခုန်နေကြသည်။ ထိုအခါ မိုင်းရဲ့နှုတ်ခမ်းပါးလေးတွေ ကော့ညွတ်သွားကာ လေသံတိုးတိုးနဲ့

" သျှန် လို့ ခေါ်တာ ကြိုက်လား "

" ဟင် "

" ဒါမှမဟုတ် ကိုကိုလို့ ခေါ်တာ ကြိုက်လား "

တစ်ခဏတာတိတ်ဆိတ်သွားသော အခန်းငယ်။
သျှန့်ရဲ့ တစ်ခုခုကိုထိန်းချုပ်နေပုံရတဲ့ အသက်ရှူသံပြင်းပြင်းကို ကြားနေရတာမို့ မိုင်းရဲ့နှုတ်ခမ်းတွေ စောနကထက် ပို၍ကွေးညွတ်ကုန်ကာ

" ဖြေပေး သျှန် ။ ဘယ်လိုနာမ်စားကို ပိုသဘောကျလဲ"

" Mine ခေါ်ရင် ဘယ်နာမ်စားဖြစ်ဖြစ် ကိုယ်ကသဘောကျပြီးသားပဲ "

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Onde histórias criam vida. Descubra agora