Chapter 21 : Black Heart🖤

1.7K 122 42
                                    

🖤

" Mine...Mineထွက်ပြေးသွားပြီ အမေ ။ အဲဒီ့ကလေး...သားကို ပစ်ထားခဲ့ပြီထင်ပါတယ် "

ကောင်းကင်တစ်ခုလုံးပြာလဲ့ပြီး လေပြည်အေးအေးလေးတိုက်ခတ်နေတဲ့ မနက်ခင်းလှလှလေးမှာပဲ သိလိုက်ရတဲ့ အကျည်းတန်တဲ့ အမင်္ဂလာသတင်းတစ်ခု။
ဒေါ်အေးရိပ်ငြိမ်း လက်ထဲကဘုရားပန်းအိုးထိုးမဲ့ သစ္စာပန်းကိုင်းလေးပြုတ်ကျမသွားအောင် မနည်းသတိကပ်လိုက်ရင်း မိမိရှေ့တည့်တည့်က သားဖြစ်သူကို မော့ကြည့်မိတော့ မျက်နှာတစ်ခုလုံးရေခဲသားကဲ့သို့အေးစက်ပြီး မျက်ဝန်းသေတွေနဲ့ ကမ္ဘာမြေပြိုကျသွားတာကို တိတိပပ​တွေ့မြင်ကြုံကြိုက်လိုက်ရသူလိုမျိုး တောင့်တောင့်ကြီးရပ်နေတဲ့သျှန့်ကို အသည်းနှလုံးနင့်စွာ တွေ့လိုက်ရ၏။

ဘုရားသခင်! အကျွန်ုပ်ကလေးမှာ ဘာအပြစ်ရှိလို့ ဒီလောက်အထိများ ရက်စက်ရတာပါလဲ!
သိပ်ကိုချစ်ပေးချင်လွန်းတဲ့ဒီကလေးကိုမှ ဘာလို့အခုလိုမျိူး ဒဏ်ခတ်ရသလဲ?
ကံဆိုးလိုက်တာ အမေ့ကလေးရယ်!

စိတ်ထဲမှာ ဘုရားသခင်ကိုအပြစ်တင်မိခြင်းနှင့်အတူ နှလုံးသားဟာလည်း ထိတ်လန့်စွာတမြေ့မြေ့ပူလောင်လာရ၏။ ဒေါ်အေးရိပ်ငြိမ်း ရင်တစ်ခုလုံးနွမ်းလျလာတာမို့ လည်ချောင်းအတွင်းမှအသံတို့ကို ဖျစ်ညှစ်လိုက်ရင်း

" သား..."

" အဲဒီ့ကလေး... အဲဒီ့ကလေးကလေ တကယ်ပဲသားကိုမလိုအပ်တော့ဘူးထင်တယ် အမေ ။ သူ သူ မရှိတော့ဘူး ။ သူ သားဆီကိုပြန်မလာတော့ဘူးထင်တယ် "

" အို မဟုတ်နိုင်တာကွယ် ။ မိုင်းကလေးက ခရီးတွေများသွား..."

"  မဟုတ်ဘူး အမေ..မဟုတ်ဘူး။ ​Mine တို့အိမ်မှာ အသက်ရှူသံတွေကို သား လုံးဝမကြားခဲ့ရဘူး။ သိလား... အိမ်ကြီးကလေ အရမ်းတိတ်ဆိတ်နေတယ်။ပြီးတော့... "

သားဖြစ်သူရဲ့ အက်ကွဲနေတဲ့တုန်တုန်ယင်ယင်စကားများကို မျက်ခုံးတန်းလေးများတွန့်လိမ်တဲ့အထိ အာရုံစိုက်နားထောင်နေရင်း အကဲခတ်နေမိတဲ့ဒေါ်အေးရိပ်ငြိမ်းမှာ သက်ပြင်းပင်မချရဲ။ အကြည်ရောင်အငွေ့ပါးပါးလွှမ်းခြုံထားတဲ့မျက်ဝန်းယဲ့ယဲ့တွေနဲ့ သူမကိုကြည့်နေပေမဲ့လည်း သူမကိုမြင်နေပုံမပေါ်တဲ့ သားရဲ့ပုံစံက အတော်လေးစိုးရိမ်ထိတ်လန့်စရာကောင်းလွန်းနေသည်။ ရုတ်တရက်အမိပျောက်သွားတဲ့ ငုံးသားပေါက်လေးလိုမျိုး တုန်လှုပ်ကြောက်ရွံ့နေတဲ့အမူအရာတွေနဲ့ ကူကယ်ရာမဲ့နေဟန်မျက်ဝန်းသေတွေကိုငေးရင်း သူမကိုယ်တိုင်ပါ မောဟိုက်နွမ်းလျလာသလို ခံစားလိုက်ရကာ နှစ်သိမ့်ပေးဖို့လက်တစ်ဖက်လှမ်းလိုက်စဥ်မှာပဲ

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now