Chapter 29: Black Heart🖤

661 47 12
                                    

🖤

ပြွတ်! ပြွတ်! ပြွတ်!..ပြွတ်....!

အခုထိအဖျားငွေ့ငွေ့ရှိနေသေးတဲ့ ကိုယ်လုံးသေးသေးလေးကို အိပ်ရာပေါ်အသာအယာလှဲသိပ်ရင်း မျက်နှာနီနီလေးအနှံ့ကို အသည်းတယားယားနဲ့ တဖွဖွနမ်းနေမိတဲ့ သျှန်။ မြတ်နိုးခြင်းတွေဟာ တစ်ခါနမ်းတိုင်း သိသိသာသာပဲ နှလုံးအိမ်ထဲမှာတိုးပွားလာနေဆဲမို့ သူ့အတွက်တော့ ဒီလူဆိုးကလေးကိုချစ်ရတာ သိပ်ကိုအဓိပ္ပါယ်ရှိလွန်းနေ၏။

" သျှန်...ငါ "

" ကိုကိုလို့ခေါ် "

" မခေါ်ဘူး။ မင်းကို ငါ စိတ်ဆိုးနေတုန်းပဲ "

ရေဓာတ်ခန်းခြောက်နေပုံရတဲ့ နှုတ်ခမ်းဖြူဖျော့ဖျော့လေးကို ငုံ့နမ်းဖို့ပြင်လိုက်တဲ့သျှန့်မှာ ကြားလိုက်ရတဲ့ ခပ်ဆတ်ဆတ်လေသံလေးကြောင့် ရုတ်တရက် ရပ်တန့်သွားကာ

" ဟင် ။ အခုထိ ကိုယ့်ကို စိတ်ဆိုးတုန်းလား Mine "

ထိုအခါ မျက်ခုံးတွေကို နဖူးအလယ်မှာ ထိစပ်စုကျုံ့သွားတဲ့အထိ မျက်မှောင်ကုပ်မော့ကြည့်လာသူက

" အင်း အခုထိ "

" ဟာ!"

သျှန်တစ်ယောက် အာမေဋိတ်သံပြုလိုက်ပြီးမှ မျက်ခုံးတွေကို အကြောင်းမဲ့ ကုပ်ခြစ်လိုက်မိ၏။
တကယ်တော့ လူရှုပ်ကလေးကို စိတ်ဆိုးပြေအောင် ဘယ်လိုချော့ရမလဲဆိုတာ ဖြစ်သည်။

" အချစ်ငယ်လေး "

" ဘာလဲ "

သို့ပေမဲ့လည်း ရုတ်တရက်ကြီးစဥ်းစားမရတာမို့ မျက်နှာငယ်လေးနဲ့ သူအုပ်မိုးထားတဲ့ကောင်လေးကို ရီဝေဝေကြည့်လိုက်တော့ ပြန်ထူးလာသံ မာဆတ်ဆတ်ကလေးမှာ နှလုံးသားက အရည်ပျော်ရပြန်သည်။
ချစ်လိုက်တာ!ကိုယ့်မှာ မင်းကို ရူးမတတ်ချစ်လိုက်ရတာ ကလေးလေးရယ်!

နှစ်ဦးသား အတန်ကြာအောင် တစ်ယောက်ကိုတစ်ယောက်ငေးကြည့်နေတုန်းမှာပဲ သျှန်က မထိန်းချုပ်နိုင်စွာပဲ ပါးပြင်နီမို့မို့လေးကို ငုံ့နမ်းမိသွား၏။

ရွှတ်!

" သျှန်.. မင်း! "

" ကိုယ် တောင်းပန်ပါတယ် "

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Tahanan ng mga kuwento. Tumuklas ngayon