Chapter 14: Black Heart

3.4K 201 174
                                    

🖤

ဘုတ်!

" ဒီမှာ သားကြည့်ချင်တဲ့ဆေးမှတ်တမ်းတွေပဲ မိုင်း။ သျှန်ကတော့ လုံးဝပေးမကြည့်ဖို့ ကတိတွေအထပ်ထပ်တောင်းသွားပေမဲ့ အမေကတော့ဆက်ပြီး မျိုသိပ်မထားနိုင်တော့လို့"

အမေရဲ့စိတ်မသက်မသာအပြောနဲ့အတူ စားပွဲပေါ်ကျလာတဲ့ ဆေးမှတ်တမ်းတွေကိုကြည့်ရင်း မိုင်းရဲ့နှလုံးသားနေရာက ပြင်းထန်တဲ့ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။ ဝေဒနာဟာပြင်းလွန်း၍ သူ့နှလုံးသားတစ်ခုလုံး ပဲ့ကြွေသွားမတတ် နာကျင်နေရ၏။

" တကယ်ပဲ....အဲဒီ့ကောင်ကတော့...အဟက်!.."

မှုန်ဝါးဝါးမြင်နေရတဲ့ဆေးမှတ်တမ်းစာရွက်တွေကို တို့ထိကြည့်ဖို့သတ္တိ သူ့တွင်လုံးဝမရှိခဲ့။ ထို့ကြောင့် ခပ်ဝေးဝေးကသာငေးရင်း ခြောက်ကပ်ကပ်ရယ်ရုံသာ တတ်နိုင်ခဲ့သည်။ ရုတ်တရက်လှစ်ဟာသွားတဲ့ခံစားချက်နောက်မှာ လုံခြုံခြင်းတွေလည်း မရှိတော့သလိုမျိုး။ ကမ္ဘာဟာ မိုင်းနဲ့လည်းမသက်ဆိုင်တော့သလိုမျိူး။

နှလုံးသားထဲကို စတင်ဝင်ရောက်လာတဲ့ နောင်တမုန်တိုင်းဟာ မိုင်းရဲ့မေ့လျော့နေခဲ့တဲ့ ချစ်ခြင်းမေတ္တာကို တဖြည်းဖြည်းပုံဖော်ပေးရင်း အမြင်အာရုံတစ်ခုလုံးကို ဝေဝါးဖို့လှုံ့ဆော်နေတော့သည်။

" ယုံပြီလား မိုင်း "

ခပ်လေးလေးထွက်ပေါ်လာတဲ့အသံလေး။
မိုင်း စကားကိုနားမလည်သလိုမျိုးတုံ့ပြန်ရင်း ခေါင်းမော့ကာရင်ဆိုင်မိတော့ သူ့အား နွမ်းလျလျငေးကြည့်နေတဲ့ အမေ့ကို နာကျင်စွာတွေ့လိုက်ရ၏။

" အမေက မင်းကို သျှန့်ထက်ပိုချစ်ခဲ့တာမျိုးမဟုတ်ဘူးဆိုတာ..."

" ယုံ..ယုံပါပြီ အ​မေ "

ဝန်ခံသံတို့မှာ အားအင်တို့မရှိ။
ထပ်ပြီးတော့ မျှော်လင့်ချက်မဲ့စွာ ရေရွတ်လိုက်မိတာဟာ

" ကျွန်တော် မှားခဲ့ပြီထင်တယ် "

အဖြူရောင်စာရွက်တွေကို ကိုင်မကြည့်ရပါဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြည့်လျှံလာတဲ့ပူလောင်ဆို့နင့်ခြင်းတွေဟာ တကယ်ကို နောင်တတရားပဲထင်ပါရဲ့။
တကယ်ပါပဲ! သူဟာ လောကကြီးရဲ့အလှပဆုံးနဲ့အကောင်းမွန်ဆုံးဖြစ်တဲ့ နှလုံးသားတစ်စုံကို ဖျက်ဆီးမိခဲ့လေပြီ။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now