🖤
၁၀ နှစ်ခန့် ကြာပြီးနောက်>>
ပြွတ်!
" နိုးပြီလား ကိုယ့်အချစ်ငယ် "
မျက်လုံးတွေဖွင့်စမှာပဲ ပူနွေးသွားတဲ့နဖူးပြင်နဲ့ ကြည်လင်တဲ့မေးသံဩရှရှဟာ မိုင်းအတွက်တော့ ကောင်းမွန်တဲ့မနက်ခင်းတစ်ခုကိုအစပြုဖို့ ပေးလာတဲ့ခွန်အားတွေနဲ့တူ၏။
မိုင်း အိပ်ချင်စိတ်မပျောက်သေးတာတောင် မပွင့်တပွင့်မျက်လုံးတွေကိုအတင်းပြူးထားရင်း အပြုံးတစ်ခုနဲ့ သံရှည်ဆွဲလို့" အင်းးးးး နိုးပြီ ကိုကို "
ထိုအခါ သျှန့်ရဲ့နှုတ်ခမ်းတွေမှာ အပြုံးစလေးခိုကပ်သွားပြီးနောက် နောက်တစ်ကြိမ်ငုံ့ကိုင်းလာတဲ့မျက်နှာက
ပြွတ်!ပြွတ်!
" ဒါဆို မနက်စာ ဘာစားချင်လဲ အချစ်ငယ် ။ ကိုယ်ဘာလုပ်ပေးရမလဲဟင် "
ပြွတ်!
နှုတ်ခမ်းတွေဆီကို ဆက်တိုက်ဖိနမ်းလာရင်းမေးနေတာမို့ စောစောစီးစီး မိုင်းရဲ့ရင်ဘတ်ထဲမှာ လိပ်ပြာတစ်သောင်းလောက်ပျံဝဲနေသလိုမျိုး ကြည်နူးမှုကအဆပေါင်းများစွာ။
ပြွတ်!
" ကိုရီးယားစတိုင်လား "
ပြွတ်!
" အီတလီစတိုင်လား "
ပြွတ်!
" ဒါမှမဟုတ် ရိုးရိုး ကော်ဖီနဲ့မုန့်ပဲ စားမလား"
ပြွတ်!
အနမ်းတွေဟာ မရပ်တန့်တဲ့အခါ မိုင်း ခပ်တိုးတိုးရယ်မိရင်း သျှန့်ရဲ့လည်ပင်းကို လက်တွေနဲ့လှမ်း၍သိုင်းဖက်ပြီးနောက် မျက်လုံးတွေကိုမှိတ်ထားလျက်ကနေ
" သျှန့်စတိုင် စားချင်တယ် "
" ဟမ် "
" ကိုရီးယားစတိုင်တို့ ၊ အီတလီစတိုင်တို့မဟုတ်ဘဲ သျှန့်စတိုင်ဆိုရင်ရော စားလို့မရဘူးလားလို့ "
မိုင်းရဲ့စကားကို နားလည်ပုံမရသေးသ၍အသံတိတ်နေသူက နားလည်သွားတာနဲ့ တဟားဟားအော်ရယ်ကာ
" ဒီလူရှုပ်ကလေးကတော့ကွာ"
ဆိုတဲ့ အသည်းယားနေသလို မချင့်မရဲရေရွတ်သံနဲ့အတူ မိုင်းရဲ့မျက်နှာတစ်ခုလုံးနဲ့ လည်ပင်းအနှံ့ကို ဆက်တိုက်ပဲပွတ်တိုက်နမ်းရှိုက်လာတော့၏။
![](https://img.wattpad.com/cover/336360517-288-k233501.jpg)
BẠN ĐANG ĐỌC
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Lãng mạnနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest