Chapter 41 : Black Heart

708 29 3
                                    

🖤

" Mine ရေ!! ကိုယ့်ဆီကို ပြန်လာခဲ့ပေးပါကွာ!! "

ဝိညာဉ်တစ်ကောင်လို ခရမ်းရောင်တွေပဲပိတ်လွှမ်းထားတဲ့ဧရိယာတစ်ခုထဲ နစ်မြုပ်နေစဥ်မှာပဲ ကြားလိုက်ရတဲ့ဆွေးမြေ့မြေ့အော်ဟစ်ငိုကြွေးသံလေး ။ ရုတ်တရက် တောင့်မတ်သွားတဲ့ကျောပြင်နဲ့အတူ ဘယ်ဘက်ရင်အုံတစ်ဝိုက်မှာ လှိုက်ခနဲခံစားလိုက်ရ၏။

" Mine ကလေး! "

တဖြည်းဖြည်းအချိန်တွေကြာလာလေ တိုးလျအက်ကွဲလာလေဖြစ်တဲ့ အနှီအသံရဲ့ပိုင်ရှင်အစစ် ရှာဖွေမိတဲ့အခါ ပတ်ဝန်းကျင်မှာခရမ်းရောင်မြူနှင်းတွေပဲ သိပ်သည်းလာသည်။

ဘယ်သူလဲ?
သူ့ကိုခေါ်နေတာ ဘယ်သူများလဲ?

" မဟုတ်မှ ကိုယ့်ရဲ့လူရှုပ်ကလေးက ကိုယ့်ဆီပြန်လာဖို့ လမ်းပျောက်နေတာလား "

ဟင်!
လူရှုပ်ကလေး?

" အချစ်ငယ် ။ မင်းဒီအတိုင်း ကိုယ့်ဝမ်းနည်းမှုတွေကို ဆက်ပြီးလျစ်လျူရှုနေအုံးမယ်ဆိုရင် ကိုယ် ဘယ်လိုများလုပ်ရတော့မလဲ ။ ဟင်...မင်းဆီကိုပဲ လိုက်လာခဲ့ရတော့မလား "

အများကြီးရင်းနှီးနေခဲ့သလိုခံစားရတဲ့ ဩရှနေတဲ့ဂရုဏာသံနူးနူးညံ့ညံ့လေးက ရင်ထဲကနှလုံးသားကို ဆုပ်ဖျစ်လာတဲ့အတိုင်း။
ရင်တစ်ခုလုံး ကြေမွစုတ်ပြတ်သတ်သွားသလိုခံစားလိုက်ရကာ ဒူးတွေပါခွေညွတ်ချင်လာ၏။ အဆုံးမှာတော့ လက်ချောင်းတွေကိုဆန့်ထုတ်ရင်း အားကိုးတကြီးရေရွတ်လိုက်မိတာက

" သျှန်...သျှန်လား "

ထိုအခါ တဒင်္ဂတိတ်ဆိတ်သွားတဲ့ ခရမ်းရောင်လွင်ပြင်ကျယ်။

" ကိုကိုရေ မိုင်း ဒီမှာလို့!! "

အားငယ်ဝမ်းနည်းစိတ်တွေနဲ့ မြူတွေကြားအော်ဟစ်အသံပေးကာ ပြေးလွှားနေမိတာ အရူးလိုမျိုး။

ရှာတွေ့လိုက်ပါ ကိုကို ငါ့ကိုရှာတွေ့လိုက်စမ်းပါ!

စောစောကတင်ကြားနေရတဲ့ခေါ်သံတွေဟာ အခုတော့ ရက်စက်လောက်စွာပဲတိတ်ဆိတ်လို့သာ။

" သျှန်!!! "

" ကိုယ် ဒီမှာပါ အချစ်ငယ်"

ဟင်!

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now