Chapter 36: Black Heart🖤

521 27 3
                                    

🖤

" မိုင်းကို နမ်းမလား ၊ မိုင်းနဲ့ ချစ်မလား   ? တစ်ခုရွေးလိုက် ကိုကို "

ဧည့်ခန်းအလယ်ရှိ ရှန်ပိန်ဘူးတွေအလယ်မှာ တင်ပျဥ်ခွေထိုင်နေတဲ့သူဟာ မျက်နှာတစ်ခုလုံးရဲစွေးနေသလို မျက်လုံးမှေးမှေးတွေကလည်း မှေးစင်းနေပုံများ ရှေ့မှာလူရပ်နေရင်တောင် သိမှာမဟုတ်။ ဒါပေမဲ့လည်း နားအရမ်းပါးသူလေးက တံခါးဖွင့်သံကြားတာနဲ့ သျှန်မှန်းတန်းသိကာ မျက်နှာကိုမော့လာရင်း ထူးထူးဆန်းဆန်းတွေမေးလို့လာတာမို့

" ဘယ်လိုဖြစ်တာလဲ Mineငယ် ။ ကိုယ် အပြင်သွားတာ နာရီဝက်တောင်မရှိသေးဘူး ဒီဘူးတွေအကုန်လုံးကို တစ်ယောက်တည်းသောက်ပစ်တယ်ပေါ့ "

သျှန့်ရဲ့ဆူသံမှာ ညင်သာခြင်းတွေဟာအပြည့်။
ဘယ်တော့မဆို လေသံမာမာမပြောတတ်တဲ့သျှန်က မိုင်းအမှားတွေဆက်တိုက်လုပ်မိရင်တောင် စိတ်ဆိုးဒေါသထွက်လိမ့်မည်မဟုတ်။ ထိုအမှားတွေက မိုင်းအတွက်လုံးဝကို မနာကျင်၊မထိခိုက်ဘူးဆိုရင်ပေါ့။

" အွန်း သောက်ပစ်လိုက်တာ ရင်ပူလို့ "

" ရင်ပူလို့ဆိုတာ... "

နားမလည်သလိုပြန်မေးလာသံနဲ့အတူ မိုင်းရဲ့ရှေ့မှာဒူးထောက်ထိုင်ချလာသူ။
မိုင်းရဲ့မှုန်ဝါးနေတဲ့အမြင်အာရုံမှာ သျှန့်ရဲ့ပုံရိပ်ဟာ မသဲမကွဲရှိ၏။ သို့ပေမဲ့ သေချာပီသစွာကြားနေရတဲ့ နူးနူးညံ့ညံ့အသံလေးနဲ့ ဘယ်တော့မှမေ့ဖျောက်လို့မရနိုင်မဲ့ ရင်းနှီးနေတဲ့ကိုယ်သင်းနံ့အငွေ့အသက်တို့ကြောင့် သျှန်ပဲဆိုတာကို အတတ်ပြောနိူင်သည်။ နောက်ပြီး လိမ်ညာလို့မရ၊ဖုံးကွယ်ဖို့မလုပ်နိုင်တဲ့ ရင်ခုန်သံ။
မိန်းမချော၊မိန်းမလှတွေ အများကြီးနဲ့တွဲခဲ့ဖူးတာတောင် တစ်စက်ကလေးမလှုပ်ရှားခဲ့တဲ့နှလုံးသားအသေဟာ သျှန်နဲ့မှပရမ်းပတာဖြစ်ရ၊ အထိန်းအကွပ်မဲ့သွားရနဲ့။

အခုလည်း ရင်ဘတ်တစ်ခုလုံးပေါက်ကွဲထွက်မတတ်ခုန်လှုပ်နေတဲ့နှလုံးသားက ရှေ့တည့်တည်ကနေသူ့ကို ချစ်မြတ်နိုးလွန်းတဲ့အကြည့်တွေနဲ့စူးစိုက်ငုံ့ငေးကြည့်နေသူဟာ သျှန်ဖြစ်ကြောင်း သေချာစွာအတည်ပြုပေးနေသည်။
မိုင်း လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး မသဲမကွဲဖြစ်နေတဲ့ပုံရပ်ရဲ့မျက်နှာဆီကိုလှမ်းကာ ပါးပြင်ကိုလှမ်းကိုင်မိတော့ နွေးနေတဲ့အထိအတွေကိုခံစားရ၏။ ပြီးနောက် ​အပြုံးတစ်ခုနဲ့အတူ

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now