Chapter 25: Black Heart🖤

1.1K 80 27
                                    


🖤

ပြွတ်! ပြွတ်!

မွ! မွ!မွ!

ပါးနဲ့နဖူး​ပြင်တစ်ဝိုက်​တွင် ခံစားနေရတဲ့ခပ်နွေးနွေးအထိအတွေ့တို့ကြောင့် မျက်လုံးတွေကိုမဖွင့်ခင်မှာပဲ မိုင်းတစ်ယောက် အကြည်နူးကြီးကြည်းနူးရင်း ဖွဖွလေးပြုံးမိသွား၏။ သေချာပေါက် အနှီတရားခံဟာ သျှန့်ရဲ့လက်ချက်ဆိုတာ တွေးကြည့်စရာလည်းမလိုသလို ပြေးကြည့်စရာလည်းမလိုခဲ့။ သူကိုယ်တိုင် လျော့တိလျော့ရဲဖက်တွယ်ထားတဲ့ခါးကျစ်ကျစ်ကို တိုးကာဖက်လိုက်ရင်းနဲ့ မျက်လုံးကိုမှိတ်ထားလျက်ပဲ

" နှုတ်ခမ်းရော ကျန်သေးတယ် "

" ဟော နိုးပြီလား "

သူအသံပြုလိုက်မှ အားနာရိပ်တို့စွန်းထင်းနေတဲ့အသံနဲ့ သျှန်က မနက်ခင်းရဲ့လေပြည်နတ်သားလိုမျိုး ချော့မြူလာရင်း ထပ်ပြီးအနမ်းခံလိုက်ရတဲ့ နားသယ်စနေရာ။

သျှန့်ရဲ့အသံက နားထောင်လို့​ကောင်းလိုက်တာ​!

ဩရှပေ​မဲ့လည်း သိပ်ကိုညင်သာလွန်းတဲ့အပြောအဆိုနဲ့​အနှီလူသားရဲ့စကားသံက ဘယ်အချိန်နားထောင်၊နားထောင် ရိုးမသွားနိုင်တဲ့တေးသွားတစ်ခုနဲ့တူသည်လို့များပြောရင် အနည်းငယ်တော့ ပိုလွန်းသွားမယ်ထင်၏။ ဒါပေမဲ့လည်း သူ့အတွက်တော့ တကယ်ကိုမပိုခဲ့ပါ။ တစ်ခါတစ်ရံ လိုတယ်လို့တောင် ထင်မှတ်ရလောက်တဲ့အထိ အဲဲဒီ့လူသားအပေါ်ကိုပဲ ယစ်ယစ်မူးမူးတွယ်ငြိမိသွားတာများ ထူးထူးဆန်းဆန်း။

" အွန်း အိပ်နေတာကို ဘယ်သူကလာ​ပြီး​နှောင့်ယှက်နေတာလဲ "

" အာ ကိုကိုတော​င်းပန်ပါတယ်ကွာ။ ဒီအတိုင်း မင်းအိပ်နေတာလေးကိုကြည့်ပြီး သိပ်ကိုအသည်းယားလာလို့ နမ်း...ကျစ်!...ကိုကို...ကိုကို....တကယ်ကိုတောင်းပန်ပါတယ်နော်... ကလေး ။ နောက်တစ်ခါ မဖြစ်စေရ..."

" ဘယ်သူက အတည်ပြောနေလို့လဲဗျ။ တကယ်ပဲ..ဒီင..."

စိတ်ထဲကမပါတဲ့ အပေါ်ယံစ​နောက်တဲ့စကားလုံးလေးနဲ့တင် မိုးပြိုတော့မတတ်တုန်လှုပ်ပျာယာခတ်သွားပြီး တောင်းပန်စကားတွေအထပ်ထပ်ဆိုနေတဲ့သျှန့်ကြောင့် သူအတော်လေး စိတ်ပျက်သွားရ၏။
သျှန်တအားစိတ်လှုပ်ရှားနေတဲ့အချိန်ဆို သူ့ကိုယ်သူ ကိုကိုလို့သုံးနှုန်းတတ်ကို သတိထားမိနေတဲ့သူ့မှာ ' ငတုံးကိုကို' ဆိုတဲ့စကားကိုပြောမထွက်တော့ဘဲ အနည်းငယ်ဝေးကွာနေတဲ့ ရင်ခွင်အနီးကိုသာ အလျင်အမြန်တိုးဝင်ပြေးကပ်ပစ်ရင်း

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Donde viven las historias. Descúbrelo ahora