Chapter 18: Black Heart🖤

3.3K 206 90
                                    

🖤

" Wowww! bravo!..."

သျှန့်နံဘေးက မိုင်းကိုမြင်လိုက်တာနဲ့ အံ့ဩသွားကြတဲ့လူတစ်စုဟာ အသံပေါင်းစုံထွက်ပြီး လက်ခုပ်တွေတီးကြ၏။ စာမေးပွဲပြီးတာနဲ့ လွတ်လပ်ခွင့်အပြည့်အဝရသွားကြသလိုမျိုး ကခုန်သောက်စားရင်း အပန်းဖြေနေကြတဲ့ထိုလူတွေအကုန်လုံးကို မိုင်း မျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်တော့ သူ့ဆီကိုပဲအာရုံစိုက်စူးစိုက်နေကြတဲ့ရီဝေဝေမျက်လုံးရိုင်းတွေက မနှစ်မြို့စရာ။

" ဒီတစ်ခါတော့ ငါတို့မင်းသမီးလေးပါလာပြီပဲ ဟားဟား "

သျှန့်လက်တွေကိုဆုပ်ကိုင်ထားရင်း ဆိုဖာတွေ​ဆီလှမ်းနေတဲ့မိုင်းရဲ့ခြေလှမ်းတွေက နောက်ကျောဘက်မှစကားသံကြောင့် တုံ့ခနဲရပ်တန့်သွားကာ တင်းခနဲဖြစ်သွားတဲ့လက်တွေကြောင့် သျှန်က နောက်ပြန်လှည့်ကြည့်လာ၏။ မိုင်း အနည်းငယ်မှုန်တေနေပြီဖြစ်တဲ့သျှန့်ရဲ့မျက်နှာကို တစ်ချက်စူးစိုက်ကြည့်လိုက်ရင်း နီစွေးနေတဲ့နှုတ်ခမ်းတွေကို စေ့စေ့ဖိပိတ်ပစ်လိုက်သည်။ ပြီးမှ ဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်ချလိုက်ပြီးနောက် ခန္ဓာကိုယ်ကိုအနောက်သို့လှည့်ပစ်လိုက်ရင်း

ခွပ်!

" ဟာ..."

" ...."

"???"

နှာခေါင်းရိုးတည့်တည့် အထိုးခံလိုက်ရတဲ့တစ်ယောက်မှာ မျက်နှာတစ်ခုလုံးမော့တက်သွားပြီးနောက် အနောက်ကိုခြေနှစ်လှမ်းလိုက် ဖရိုဖရဲဆုတ်လို့သွား၏။ စောစောက အခန်းတစ်ခုလုံးဆူညံနေခဲ့တဲ့အသံတွေဟာ ယခုတော့ တိခနဲရပ်လို့သွားပြီး အာမေဋိတ်သံသဲ့သဲ့တွေပါ ထွက်ကျလာသည်။ မိုင်း မျက်နှာအမူအရာမပျက်ဘဲ ဆုပ်ထားမိတဲ့လက်သီးဆုပ်ကာဖြည်ကာ လက်ကိုပေါ့ပါးစွာတစ်ချက်ခါလိုက်ပြီးနောက် နှာခေါင်းကိုလက်နဲ့အုပ်ထားတဲ့သူကို ရိသဲ့သဲ့ကြည့်ရင်း

" ဘယ်လိုလဲ Bro!  မင်းသမီးလေးရဲ့လက်မလို့ သိပ်တော့မနာလောက်ဘူးထင်တယ် ဟက်!..."

" မင်း!..."

" တော်လိုက်တော့ ဇွဲယံ။ မင်းဘက်ကအရင်စတာ "

မိုင်းရဲ့စကားကြောင့် ဒေါသတကြီးရှေ့တိုးလာတဲ့သူ။ သို့ပေမဲ့ အလယ်ထဲဝင်လာရင်း မိုင်းရဲ့အရှေ့ကနေပိတ်ကာပြီးရပ်ပစ်လိုက်တဲ့သျှန့်ကြောင့် ထိုလူ့ရဲ့အကြည့်စူးစူးတွေ မိုင်းကိုယ်ပေါ်မှာ ဆက်ပြီးမကျရောက်ခဲ့တော့။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Hikayelerin yaşadığı yer. Şimdi keşfedin