Chapter 31: Black Heart🖤

693 35 12
                                    

🖤

ပြွတ်!

" နိုးပြီလား အချစ်ငယ် "

မျက်လုံးဖွင့်လိုက်တာနဲ့ နဖူးပြင်ဆီကျရောက်လာတဲ့ အနမ်းနွေးနွေးနဲ့အတူ ကြားလိုက်ရတာက ညင်သာလွန်းတဲ့အသံအက်ရှရှ။ ပြီးတော့ မြင်နေရတဲ့ ချစ်ရသူရဲ့အပြုံးဖျဖျမျက်နှာ။

ယုန်ဖြူလေးရဲ့မနက်ခင်းတွေဟာ ဆောင်းဥတုရဲ့နေရောင်ခြည်လိုမျိုး နွေးထွေးလွန်းတဲ့ အနှီလူသားကြောင့် အစဥ်အမြဲလှပနေခဲ့၏

" အင်း ကိုကိုရော နိုးပြီလား "

မိုင်း လေးလံနေတဲ့မျက်ခွံတွေကို ပြန်ပိတ်ချပစ်ရင်း အိပ်ချင်မူးတူးအသံဝါးဝါးနဲ့ ဖရိုဖရဲရှပ်အင်္ကျီကြယ်သီးပြုတ်တွေကြား ခေါင်းတိုးဝင်မိတော့ ဆံပင်တွေကြားကို ပြန်လည်ပွတ်သပ်ပေးလာတဲ့လက်ဖဝါးတွေက နူးညံ့နွေးထွေးစွာ။
ပြီးတော့ အကြိမ်ကြိမ်တိုင်းသဘောကျရတဲ့ ဟိုင်ယာဆင့်ပန်းရနံ့တွေလို သင်းပျံ့တဲ့ကိုယ်သင်းနံ့လေး။
မက်မောလိုက်ရတဲ့ ဒီလူသားရဲ့မြတ်နိုးစရာ အပြုအမူတွေ။

" အခုက ဘယ်အချိန်ရှိနေပြီလဲ သိရဲ့လား"

" ဟင့်အင်း နေ့လယ်လား"

မိုင်း ဝိုးတဝါးမေးမိတော့ သျှန့်ရဲ့ခပ်ဟက်ဟက်ရယ်သံနဲ့အတူ တရွှတ်ရွှတ်အနမ်းခံလိုက်ရတဲ့ ဦးခေါင်းဖျား။ အသီးသာဆို သျှန့်အနမ်းတွေနဲ့တင် ပုပ်လောက်မှာသေချာသည်။

" ညနေစောင်းနေပြီ လူရှုပ်ကလေးရဲ့ "

" ဟင် "

ယခုတော့မှ မိုင်းရဲ့ မပွင့်တပွင့်မျက်ဝန်းညိုတွေ အလုံးစုံပြူးကျယ်သွားသလို လူကလည်း သျှန့်ရင်ခွင်ထဲမှ ဝုန်းခနဲထထိုင်မိစဥ်

အာ့!

စူးခနဲနာကျင်သွားတဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာ။

" ဟင် ဘာဖြစ်လို့လဲ Mine ။ နာလို့လား...ဟား! ကိုယ့်အပြစ်ပဲ။ တောင်းပန်ပါတယ် ကိုယ့်ကြောင့် "

လူတစ်ကိုယ်လုံးကို ချက်ချင်းပဲဆွဲပွေ့ယူတော့မတတ် တိုးကပ်လာတဲ့ သျှန့်ရဲ့ဖြစ်ပျက်မှုနဲ့ ကလေးသေးသေးလေးလိုမျိုး ငိုချတော့မတတ်ပျက်ယွင်းထိတ်လန့်နေတဲ့မျက်နှာကြီးကြောင့်  မိုင်းရဲ့ နှုတ်ခမ်းပါးလေးတွေ မဲ့ကျသွား၏။
ထိုအခါ စောစောကထက် နှစ်ဆလောက်ပိုပြီးပျာယာခတ်သွားတဲ့ သျှန့်ရဲ့စိုးရိမ်မှုတွေဟာ ဒီရေတွေအလား

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now